ဘန်ကောက်မြို့ ကားတစီးအတွင်း စိတ်ကြွဆေးများ ဖမ်းမိ

December 3, 2015

ဘန်ကောက်မြို့ ကားတစီးအတွင်း စိတ်ကြွဆေးများ ဖမ်းမိ

ထိုင်းနိုင်ငံ၊ ဘန်ဆူးခရိုင်လမ်းမပေါ်က ယာဉ်မရပ်ရတားမြစ်နေရာမှာ ရပ်ထားခဲ့တဲ့ ကားတစီးတွင်းမှ ယာဘစိတ်ကြွဆေးပြား ၁ သိန်း ၆ သောင်း ကို ရဲတွေက ဒီဇင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီကားဟာ အနက်ရောင်ချက်ဗရိုလက် အမျိုးအစားဖြစ်ပြီး ဘန်ကောက်မြို့ လိုင်စင်နံပါတ်ပြားတပ်ဆင်ထားကာ ကားရှေ့ဘီးမှာ ၀ှက်ထားခဲ့တဲ့ သော့ကနေတဆင့် ရဲတွေက ကားတံခါးကိုဖွင့်နိုင်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ မျက်မြင်သက်သေတွေရဲ့အဆိုအရ ကားကို ဒီနေ့မနက်ပိုင်း ၅ နာရီလောက်မှာ ပရာချာရက်ဆိုင် ၁ လမ်းပေါ်မှာ ရပ်ထားခဲ့တာဖြစ်ပြီး တာဝန်ကျကင်းလှည့်ရဲတွေက ၆ နာရီမှာ တွေ့ရှိခဲ့တာလို့ ဘန်ဖိုရဲစခန်းမှ တာဝန်ကျရဲအရာရှိ ခရစ်ဆပွန်ဆန်ဆူ ရာက ပြောပါတယ်။ ကားကိုရပ်ထားခဲ့တဲ့နေရာဟာ မနက်ခင်းယာဉ်ကြောပိတ်ချိန်မှာ ယာဉ်မရပ်ရ တားမြစ်နေရာတခုဖြစ်ကာ ယာဉ်မောင်းရဲ့အရိပ်အယောင်ကို မတွေ့ခဲ့ရပဲ ကားရှေ့ညာ ဘက်ဘီးထဲမှာ သော့ကိုတွေ့ရှိခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ရဲတွေက ကားကိုဖွင့်ခဲ့ချိန်မှာ ကားရှေ့ခန်းခုံနောက်ကျောအတွင်း ဓာတ်မြေသြ ဇာအိတ်ထဲမှာ အိတ်အသေးတွေနဲ့ ထည့်ထားတဲ့ ယာဘဆေးပြား ၁ သိန်း ၆ သောင်း လောက်ကို တွေ့ခဲ့တာပါ။ လက်ရှိမှာတော့ ကားပိုင်ရှင်ကို ကုန်းလမ်းပို့ဆောင်ရေးဌာနအကူအညီနဲ့ ရှာဖွေနေပြီး အခင်းဖြစ်တဲ့နေရာမှာလည်း ကင်မရာကနေတဆင့် သဲလွန်စတွေ ရှာဖွေနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း  
6 years Ago
Up