ဘန်ကောက်မြို့လယ်က မာစီဒီးစ်ကားမောင်းသူနှင့် ဆိုင်ကယ်သမားရန်ပွဲ

A d v e r t i s e m e n t With Us

April 5, 2016

ဘန်ကောက်မြို့လယ်က မာစီဒီးစ်ကားမောင်းသူနှင့် ဆိုင်ကယ်သမားရန်ပွဲ (ရုပ်သံ)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မြို့လယ်ကောင်မှ မာစီဒီးဘန့်စ်ကား မောင်းလာသူတဦးနဲ့ ဆိုင်ကယ်မောင်းလာသူ တဦးတို့ရဲ့ ရန်ပွဲကို မျက်မြင်တွေ့ရှိသူတဦးက ကင်မရာမှတဆင့် မှတ်တမ်းတင်ခဲ့ပြီး JustClip BadBad အမည်နဲ့ ယူကျုအသုံးပြုသူတဦးက တင်ခဲ့ပါတယ်။ ဒီရန်ပွဲဟာ ဧပြီ ၃ ရက်နေ့ ညနေပိုင်းမှာ ဘန်ကောက်မြို့၊ ပင်ခ်လာအိုအရပ်၊ ပါတာစတိုး ဆိုင်ရှေ့မှာ ဖြစ်ခဲ့တာလို့ သူက ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာ ရေးခဲ့တာပါ။ ဒီရန်ပွဲဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ မသိနိုင်သေးဘူးလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အစိမ်းရောင်ရှပ်အင်္ကျီဝတ် မာစီဒီးစ်ကားမောင်းသမားနဲ့ မော်တော်ဆိုင်ကယ်သမားဟာ လမ်းမပေါ် လူမြင်ကွင်းမှာ လက်သီးနဲ့ ထိုးကြိတ်ကန်ကျောက် လုံးထွေးပြီး ရန်ဖြစ်ခဲ့ကြတာကို တွေ့ရပါတယ်။ အနီးနားမှာရှိနေတဲ့ လုံခြုံရေးဝန်ထမ်းတွေနဲ့ ရဲအရာရှိတဦးဟာ ဒီအခြေအနေကို ဖျန်ဖြေဖို့ မကြိုးစားခဲ့ကြဘဲ ရပ်ကြည့်နေခဲ့ကြတာပါ။ အဲဒီနောက်မှာမှ တခြားအမျိုးသမီးတဦးက ရောက်လာပြီး မြေပြင်ပေါ်မှာ လုံးထွေးနေတဲ့ သူတို့ ၂ ဦးကို ဖျန်ဖြေခွဲထုတ်ပြီး ရန်ပွဲပြီးဆုံးသွားခဲ့တာလို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ကို ကြည့်ရှုကြတဲ့ သူတွေကတော့ ယာဉ်မောင်းတွေအနေနဲ့ ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသင့်တယ်လို့ ဝေဖန်ခဲ့ကြပြီး ရန်ပွဲကို ပြန်လည် ဖျန်ဖြေဖို့ မကြိုးစားခဲ့ကြတဲ့ လုံခြုံရေးဝန်ထမ်းတွေနဲ့ ရဲကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
5 years Ago
Up