မွေထိုင်းလက်ဝှေ့သမားတွေနေထိုင်တဲ့ ထိုင်းကတော့ အင်တာနက်မှာ တခါပြန်ပြီး လူသိများလာပါတယ်။
ဘန်ကောက်မြို့ရဲ့ လမ်းမတွေပေါ်က တရားမ၀င်လက်ဝှေ့ပွဲတွေ ရန်ပွဲတွေကို အင်တာနက် ယူကျူ့ပေါ်တင်ပြီး လူသိများလာတာ ဖြစ်ပါတယ်။
ဒီရုပ်သံထဲမှာတော့ အပျော်တမ်းလက်ဝှေ့သမားတွေ လမ်းတွေပေါ်မှာ အချင်းချင်း စိန်ခေါ် ထိုးသတ်တာတွေကို လမ်းပေါ်က လူတွေက ပရိသတ်တွေအနေနဲ့ ကြည့်ရှုနေတာတွေ ပါဝင်ပါတယ်။
ရုပ်သံဖိုင်ကို ယူကျူပေါ်မှာ ထိုင်း တိုက်ခိုက်ရေ ကလပ်က စုစည်းပြီး တင်ထားတာ ဖြစ်ပါတယ်။
တိုက်ခိုက်ရေးသမားတွေက အကာအကွယ်ယူတဲ့ လက်အိတ်တွေ၊ အံတုတွေအနည်းငယ်ကို တပ်ဆင်ပြီး ဒေါ်လာသန်းချီ ထိုးသတ်တဲ့ အမေရိကန်နိုင်ငံက ယူအက်ဖ်စီပွဲတွေလို ထိုးသတ်ကြတာ ဖြစ်ပါတယ်။
ယူကျူပေါ်ကို တင်လိုက်တဲ့အချိန်မှာ အများအပြား ကြည့်ရှုခဲ့တဲ့အတွက် ဒီအားကစားဟာ လူသိများထင်ရှားလာပါတယ်။
ဘန်ကောက်ရဲတပ်ဖွဲ့ကတော့ ဒီလို တရားမ၀င် တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တဲ့သူတွေကို ဖမ်းဆီး အပြစ်ပေးသွားမယ်လို့ ကြေညာပါတယ်။
လမ်းဘေး စိန်ခေါ်ပွဲတွေကို စီစဉ်ကျင်းပရင် ထိုင်းဥပဒေအရ ထောင်ဒဏ် ၁ နှစ်နဲ့ ဘတ်ငွေ ၂ သောင်း ဒဏ်တပ်နိုင်မှာ ဖြစ်ပါတယ်။
5 years Ago