ဘန်ကောက်ဘူတာကြီးတွင် ဗုံးပေါက်၊ လူ ၂ ဦး ဒဏ်ရာရ (ရုပ်သံ)

A d v e r t i s e m e n t With Us

May 11, 2016

ဘန်ကောက်ဘူတာကြီးတွင် ဗုံးပေါက်၊ လူ ၂ ဦး ဒဏ်ရာရ (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ဟိုလမ်းဖုန်း ရထားဘူတာရုံမှာ မေလ ၁၁ ရက် မွန်းတည့် ၁၂ နာရီလောက်အချိန်က ပေါက်ကွဲမှုတခုဖြစ်ပွားပြီး လူ ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ ထိုင်းအမျိုးသား မီးရထားဌာနက ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူတွေမှာ အသက် ၂၈ နှစ်ရွယ် လူငယ် ၂ ဦးဖြစ်ပြီး သူတို့ဟာ ချချိုင်းဆောင်းမြို့ကနေ ချွန်းဖောင်းကို ခရီးသွားဖို့ဖြစ်ကြောင်း၊ ရထားခေတ္တရပ်နားစဉ် အောက်ဆင်းပြီး ဆေးလိပ် သောက်ရာမှာ တဦးက ဆေးလိပ်တိုကို ပြာခံဗုံးထဲပစ်ချပြီးတဲ့နောက် အဲဒီနားမှာ ပေါက်ကွဲသွား တာလို့ စီစီကင်မရာဖမ်းယူချက်ကို ကိုးကားပြီး မီးရထားဌာနက ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါပေါက်ကွဲမှုဟာ မတော်တဆမှုလား၊ တမင်ရည်ရွယ်သလားဆိုတာကိုတော့ ဆက်လက်စုံစမ်းနေဆဲဘဲလို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
5 years Ago
Up