ဘန်ကောက်ဗုံးခွဲ သံသယရှိသူကို ဖမ်းမိပြီ

August 29, 2015

ဘန်ကောက်ဗုံးခွဲ သံသယရှိသူကို ဖမ်းမိပြီ

ဘန်ကောက်ဗုံးခွဲမှုအတွက် သံသယရှိသူ တူရကီ နိုင်ငံသားတဦးကို ဘန်ကောက်မြို့ သူငှားနေတဲ့ တိုက်ခန်းမှာ ဖမ်းဆီးလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ သြဂုတ် ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဘန်ကောက်မြို့ နောင်ချွန်မြို့နယ်ထဲမှာ တိုက်ခန်းမှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး၊ သူ့တိုက်ခန်းထဲမှာ ဗုံးလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ကိရိယာတွေ တွေ့ရှိခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ 11934939_760105760789885_6128750549683963817_nသူ့ကို ရဲနဲ့စစ်သား ၁၀၀ ကျော်က ၀ိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးတဲ့ ပစ္စည်းထဲမှာ အချင်း သုညဒသမ ၅ မီလီမီတာ ရှိတဲ့ ဗုံးဆန်တွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ဗုံးဆန်မျိုးဟာ သြဂုတ် ၁၇ နဲ့ ၁၈ ရက်နေ့တွေက ဘန်ကောက်မြို့ပေါ်က ဧရာဝဏ် နတ်ကွန်းမှာ ပေါက်ကွဲခဲ့တဲ့ ဗုံးနဲ့ ဆာထုံတံတားမှာ ပေါက်ကွဲခဲ့တဲ့ ဗုံးတွေမှာ သုံးခဲ့တဲ့ ဗုံးဆန်တွေနဲ့ အရွယ်တူပါတယ်။
6 years Ago
Up