ဘန်ကောက်တွင် နေ့ခင်းကြောင်တောင် ပစ်ခတ်မှုဖြစ်၊ လူ ၁ ဦး ဒဏ်ရာရ

November 24, 2015

ဘန်ကောက်တွင် နေ့ခင်းကြောင်တောင် ပစ်ခတ်မှုဖြစ်၊ လူ ၁ ဦး ဒဏ်ရာရ (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက်က လူစည်ကားရာလမ်းမမှာ နေ့ခင်းကြောင်တောင် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့သလို သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် အနည်းဆုံး လူ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၂၃ ရက်က လတ်ပလာခေါင် နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တက္ကစီခရီးသည် တဦးက ဒီဖြစ်ရပ်ကို ရုပ်သံဖိုင်အဖြစ် မှတ်တမ်းတင်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ရေးပါတယ်။ ဒီဖြစ်ရပ်မှာ အနည်းဆုံး လူ ၁၀ ဦး ပါဝင်ခဲ့သလို မော်တော်ဆိုင်ကယ် ဦးထုပ်တွေကို ဆောင်းထားပြီး ဆိုင်ကယ်မှာ လိုင်စင်ပြားတွေ မပါဘူးလို့ ဆိုပါတယ်။ လမ်းသွားလမ်းလာတွေနဲ့ ဆိုင်ကယ်သမားတွေလည်း အနီးအနားမှာ ရှိနေသလို ကြောက်ရွံ့တဲ့အတွက် ဒီဖြစ်ရပ်တခုလုံးကို မှတ်တမ်းမတင်နိုင်ဘူးလို့ ဒီခရီးသည်က သူ့ဖေ့စ်ဘွတ်ခ်မှာ ရေးပါတယ်။ ဒီရုပ်သံဖိုင်ပို့စ်ဟာ အင်တာနက်မှာ ပျံ့နှံ့သွားပြီး ဒီဖြစ်ရပ်အပေါ် အင်တာနက် အသုံးပြုသူတွေက စိုးရိမ်မှုနဲ့ ဝေဖန်ပါတယ်။ မိဘတွေအတွက် ထည့်မတွေးဘဲ ဒီနေ့ခတ် ကလေးတွေက တယောက်နဲ့တယောက် သတ်ဖြတ်ကြတယ်လို့ ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေက ထောက်ပြကြပါတယ်။ ရုပ်သံ - ဘန်ကောက်ပို့စ်
7 years Ago
Up