ဘန်တို

August 17, 2018

ပေါ်တူဂီနည်းပြဟောင်း ဘန်တိုကို တောင်ကိုရီးယားအသင်း နည်းပြအဖြစ် ခန့်အပ်

တောင်ကိုရီးယားအသင်းဟာ ပေါ်တူဂီနည်းပြဟောင်း ဘန်တိုကို အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။ အသက် ၄၉ နှစ်အရွယ်သာ ရှိသေးတဲ့ ပေါ်လိုဘန်တိုကို ၄ နှစ်စာချုပ်နဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားအပြီးထိ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ တောင်ကိုရီးယား အမျိုးသား ဘောလုံးအသင်းရဲ့ နည်းပြချုပ်ဖြစ်တဲ့ ကင်ပန်ဂွန်ကတော့ ဘန်တိုဟာ ပြိုင်ဘက်ကို ဖိအားပေးကစားတာ အားသန်သလို တိုက်စစ်နဲ့ တန်ပြန်တိုက်စစ် ကစားပုံ အားသန်တာကြောင့် ခေါ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဘန်တိုဟာ တောင်ကိုရီးယားအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ၂၀၀၂ ခုနှစ်က ပေါ်တူဂီအသင်းဘက်ကနေ ကစားခဲ့ဖူးပြီး စပို့တင်းလစ္စဘွန်း၊ ခရူဇီယို၊ အိုလံပီယာကို့စ် အသင်းတွေကိုလည်း နည်းပြခဲ့ဖူးပါတယ်။
3 years Ago
Up