ဘန်တီကီကို ပေါင် ၃၂ သန်းဖြင့် ခရစ္စတယ်ပဲလေ့စ် ခေါ်ယူ

August 20, 2016

ဘန်တီကီကို ပေါင် ၃၂ သန်းဖြင့် ခရစ္စတယ်ပဲလေ့စ် ခေါ်ယူ

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လီဗာပူးတိုက်စစ်မှူး ဘန်တီကီကို ပေါင် ၃၂ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီး မကြာမီဆေးစစ်ပြီး အပြီးသတ်စာချုပ်ချုပ်ဆိုတော့မယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင် ဘန်တီကီဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက အက်စတွန်ဗီလာအသင်းကနေ လီဗာပူးအသင်းထံ ပေါင် ၃၂.၅ သန်းနဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရတာပါ။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အားထားရတဲ့ ကွင်းလယ်လူ ဘိုလာစီကို အဲဗာတန်အသင်းထဲ ပေါင် ၂၅ သန်းနဲ့ရောင်းချခဲ့ပြီး နောက်ထပ်ကွင်း လယ်ကစားသမား ဂျီဒီနက်ခ်ကိုလည်း ဗီလာအသင်းထံ ပေါင် ၄ သန်းနဲ့ ရောင်းချခဲ့ပါတယ်။
5 years Ago
Up