ဘန်တီကီ

October 12, 2016

ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘန်တီကီ အမြန်ဆုံးဂိုးသွင်းနိုင်သည့် စံချိန်တင်

ဘယ်လ်ဂျီယံတိုက်စစ်မှူး ခရစ္စတီယန် ဘန်တီကီဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတလျှောက်မှာ အမြန်ဆုံးဂိုးသွင်းယူနိုင်တဲ့ စံချိန် တင်နိုင်ခဲ့ပါတယ်။ ဂျီဘရယ်လ်တာနဲ့ ကစားတဲ့ပွဲမှာ ပွဲစတင်လို့ မကြာခင် ၇ စက္ကန့်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ အရင်စံချိန်တင်ထားသူကတော့ ဆမ်မာရီနိုကစားသမား ဂွာတီရီဖြစ်ပြီး ၁၉၉၃ ခုနှစ်က အင်္ဂလန်အသင်းဘက်ကို ၈ စက္ကန့်မှာ သွင်းယူခဲ့တာပါ။ ဒါကြောင့် ခရစ္စတယ်လ်ပဲလေ့စ် တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတလျှောက် အမြန်ဆုံး ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းတင်သွားခဲ့ပါတယ်။
5 years Ago

September 19, 2016

လီဗာပူးမှ ထွက်ခဲ့သည့်အပေါ် နောင်တမရဟု တိုက်စစ်မှူး ဘန်တီကီ ပြော

လီဗာပူးအသင်းကနေ ထွက်ခွာလာတဲ့အပေါ် နောင်တရနေမှာ မဟုတ်ဘူးလို့ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ဘန်တီကီက ပြောဆိုလိုက်ပါတယ်။ လီဗာပူးလို အောင်မြင်မှုအစဉ်အလာရှိတဲ့ အသင်းကြီးတသင်းမှာ ကစားခွင့်ရခဲ့တာက ဂုဏ်ယူစရာဖြစ်ပေမယ့် မိမိသဘောဆန္ဒအရ အသင်းပြောင်းခဲ့တာဖြစ်လို့ နောင်တရစရာအကြောင်း မရှိဘူးလို့ ဘန်တီကီက ပြောဆိုလိုက်တာပါ။ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘန်တီကီဟာ လီဗာပူးမှာ ပွဲထွက်ခွင့်မရတာကြောင့် ဒီနှစ်အပြောင်းအရွှေ့မှာ ခရစ္စတယ်ပဲလေ့စ်အသင်းထံ ပြောင်းရွှေ့လာတာပါ။ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ပွဲကစားခွင့်ရနေတဲ့အတွက် ပျော်ရွှင်ကြောင်းနဲ့ အသင်းသစ်မှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်သွားမယ်လို့လည်း ဘန်တီကီက ဆိုပါတယ်။
5 years Ago
More News
Up