မကြာသေးခင်ကမှ ရာထူးကနေ အနားယူခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း ဘန်ကီမွန်းဟာ မိခင်ကိုရီးယားနိုင်ငံကို ပြန်လာခဲ့ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ တောင်ကိုးရီးယားသမ္မတဟောင်းတွေရဲ့ ဂူဗိမ္မာန်တွေကို ဇန်န၀ါရီ ၁၃ ရက်နေ့က သွားရောက် ဂါရ၀ပြုခဲ့ပါတယ်။
မစ္စတာဘန်ကီမွန်းက “မနေ့က ကျနော် ဆိုးလ်ကိုပြန်လာပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ မထင်ရှားတဲ့ စစ်သည်တွေနဲ့ မျိုးချစ်သူရဲကောင်းတွေကို ဂါရ၀ပြုခဲ့ပါတယ်။ ဒီခံစားချက်က ကိုးရီးယားသမ္မတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်မယ်လို့ သန္နိဋ္ဌာန်ချထားတဲ့ ကျနော်ဆုံးဖြတ်ချက်တွေကို ပိုပြီးခိုင်မာစေပါတယ်”လို့ ပြောကြားသွားပါတယ်။
သူဟာ နယူးယောက်မြို့ကနေ ဇန်န၀ါရီ ၁၂ ရက်နေ့ကမှ ဆိုးလ်မြို့ကိုရောက်ရှိလာတာဖြစ်ပြီး သမ္မတပါ့က်ဂွန်ဟေးနေရာကို အစားထိုးရွေးချယ်မဲ့ သမ္မတသစ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ် မပြိုင်ဘူးဆိုတာကို မကြာခင် ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။
အသက်-၇၂ နှစ်အရွယ်ရှိ မစ္စတာ-ဘန်ကီမွန်းဟာ လက်ရှိကိုးရီးယားနိုင်ငံမှာရှိတဲ့ ထိပ်တန်းနိုင်ငံရေး သမားတွေထဲမှာ လူကြိုက်အများဆုံးနဲ့ အထင်ရှားဆုံး ဖြစ်နေကြောင်း ဆိုးလ်မြို့က ပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။
6 years Ago