ဘန့်ဘေးရွာ

September 26, 2021

ယင်းမာပင်မြို့နယ်တွင် စစ်​ကောင်စီတပ်က လမ်းမှာတွေ့သည့် ပြည်သူ ၃ ဦးကို ပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကံစု​ကျေးရွာဘက်သွားတဲ့  စစ်​ကောင်စီတပ်ဖွဲ့​ဟာ စက်တင်ဘာ ၂၆ ရက်မနက်ပိုင်းက ​လမ်းခုလပ်မှာ​တွေ့တဲ့ ပြည်သူ ၃ ဦးကို ​သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတစ်ဦးက“​စစ်​ကောင်စီတပ်က ​သေနတ်နဲ့ပစ်လို့ ​ ၃ ဦး သေဆုံးတယ်ဆိုတာကို ကျ​​နော်တို့လည်း ​နောက်မှသိရတာ။ ပစ်သတ်ခံရတဲ့​နေရာကလည်း ကံစုရွာနဲ့ ဘန့်​ဘွေးရွာကြားမှာဖြစ်ပြီး သူတို့(စစ်​ကောင်စီတပ်ဖွဲ့)လာလို့ ​ကြောက်လန့်ပြီး ​ပြေးရင်း အပစ်ခံလိုက်ရတာ ထင်တယ်”လို့ ပြောပါတယ်။ 

​သေဆုံးသူ ၃ ဦးစလုံးက ဘန့်​ဘွေး​ရွာသား အမျိုးသား​​တွေဖြစ်တယ်လို့ သိရသလို အဲဒီအခင်းဖြစ်​နေရာအနီးမှာ စစ်​ကောင်စီတပ်ဖွဲ့တွေရှိနေလို့  ​သေဆုံးသူ​တွေရဲ့အ​လောင်း​တွေကို လက်ရှိအချိန်ထိ မ​ကောက်ရဲကြ​သေးဘူးလို့ ဒေသခံက ပြောပါတယ်။ 

​စစ်​ကောင်စီတပ်ဖွဲ့​ဟာ ဘန့်​​ဘွေး​ကျေးရွာနဲ့ ကံစု​ကျေးရွာကြားမှာရှိတဲ့ တော​နေအိမ်နဲ့ အိမ်ထဲရှိ ဆိုင်ကယ်ပါ မီးရှို့သွားခဲ့သလို ကံစု​ကျေးရွာအတွင်းရှိ ​နေအိမ် ၁ လုံးကိုလည်း ​​မွှေ​နှောက်ဖျက်ဆီးသွားခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

4 weeks Ago
Up