ထိုင်းနိုင်ငံမှာ COVID-19 ကပ်ဘေးကာလ နှာခေါင်းစည်း(Mask) မပါဘဲ အိမ်ပြင်ထွက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတွေက ဒဏ်ငွေဘတ် ၂ သောင်းတပ်ရိုက်လိုက်ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဘန်ကောက်မြို့ အနောက်တောင်ဘက် ဆမွတ်ဆာခွန်ခရိုင်ထဲမှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ 77kaoded သတင်းက ဆိုပါတယ်။
အသက် ၂၄ နှစ်အရွယ် အဆိုပါ အမျိုးသားဟာ မောင်ခရိုင်၊ သာဆိုင်ဒေသမှဖြစ် ကာ Big C ဈေးဝယ်စင်တာအနီး ဂငယ်ကွေ့အနီးမှာ လမ်းတာဝန်ကျရဲတွေရဲ့ စစ်ဆေးမှုခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါဟာ ဧပြီလ ၃ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ လိုက်နာဖို့ နိုင်ငံတဝန်းအမိန့် ထုတ်ပြန်ထားတာကို ဖောက်ဖျက်မှုဖြစ်ပြီး ခုလိုဒဏ်ကြေးတပ်ရိုက်တာက တော့ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။
Source: 77kaoded
11 months Ago