ဘတ်စ်ကားဒရိုင်ဘာ

May 28, 2020

လုပ်ငန်းခွင် ပြန်ဝင်ခွင့်ပေးရန် ကိုလံဘီယာ ဘတ်စ်ကားဒရိုင်ဘာများ ဆန္ဒပြ

ကိုလံဘီယာနိုင်ငံမှာ နှစ်လတာ လော့ဒေါင်းချထားခဲ့ပြီးတဲ့နောက် လုပ်ငန်းခွင် ပြန်ဝင်ခွင့်ပေးဖို့ အစိုးရကို ဘတ်စ်ကားဒရိုင်ဘာတွေက အဝတ်နီတွေ ဝှေ့ယမ်းပြီး မေ ၂၇ ရက်က ဆန္ဒပြခဲ့ကြပါတယ်။ ကိုလံဘီယာမှာ စီးပွားရေးကို ပြန်ဖွင့်ပေးဖို့ လုပ်နေပြီး အခြားကဏ္ဍတွေမှာ အလုပ်ခွင်ပြန်ဝင်နေကြပြီ ဖြစ်ပေမဲ့ အများပြည်သူပို့ဆောင်ရေးအတွက် အဝေးပြေးလမ်း  တွေကိုတော့ အကန့်အသတ်မဲ့ပိတ်ထားဆဲပါ။  ကိုလံဘီယာရဲ့ အဝေးပြေးလမ်းမတွေမှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကား ၃၈၀၀၀ လောက်ရှိပြီး ဒရိုင်ဘာအရေအတွက်က ငါးသောင်းလောက်ရှိပါတယ်။  ဘတ်စ်ကားဒရိုင်ဘာတဦးက သူတို့မှာ နှစ်လလောက် ဝင်ငွေမရှိဘဲ နေခဲ့ရတယ်လို့ ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ကိုလံဘီယာပို့ဆောင်ရေးဝန်ကြီးကတော့ အဝေးပြေး ကားဒရိုင်ဘာတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ပြီး သူတို့တွေ လုပ်ငန်းခွင် ပြန်ဝင်နိုင်မယ့် အစီအစဉ်တခု ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ကိုလံဘီယာနို်ငငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေဟာ ၂၄၀၀၀ ကျော်နဲ့ သေဆုံးသူ ၈၀၀ ကျော် ရှိပြီလို့ သိရပါတယ်။  
1 year Ago
Up