ဘတ်စ်ကားတစီးဗုံးခွဲခံ

September 21, 2019

အီရတ်တွင် ဘတ်စ်ကားတစီးဗုံးခွဲခံရသဖြင့် ၁၂ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

အီရတ်နိုင်ငံ ကာဘရာ ဘာသာရေးမြို့မှာ စက်တင်ဘာ ၂၀ ရက်က ဘတ်စ်ကားတစီး ဗုံးပေါက်တာကြောင့် လူ ၁၂ ယောက် သေဆုံးပြီး  အများအပြား ဒဏ်ရာရတယ်လို့ အီရတ်လုံခြုံရေး အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။   ဘတ်စ်ကားပေါ်မှာ   ဖောက်ခွဲရေးပစ္စည်းတပ်ပြီး မြောက်ဘက် မြို့ဝင်ပေါက်မှာ  ဖောက်ခွဲ မီးလောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။  ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့ကမှ  ချက်ချင်း တာဝန်ယူပြောတာ မရှိပါဘူး။    အီရတ်တောင်ပိုင်း ရှီးယိုက်မွတ်စလင် အများစုနေရာမှာ  မကြာသေးခင်နှစ်တွေအတွင်း ဒီလိုတိုက်ခိုက်တာတွေ နည်းပါးခဲ့ပါတယ်။  အထူးသဖြင့် ၂၀၁၇ ခုနှစ်တုန်းက အဲဒီဒေသမှာ  အစ္စလာမ်မစ်နိုင်ငံတော် နယ်မြေ ဆုံးရှုံးခဲ့ပြီးနောက်ပိုင်း တိုက်ခိုက်တာတွေ နည်းခဲ့တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။ ======================== အီရတ္တြင္ ဘတ္စ္ကားတစီးဗုံးခြဲခံရသျဖင့္ ၁၂ ဦး ေသဆုံး၊ အမ်ားအျပား ဒဏ္ရာရ DVB အီရတ္ႏိုင္ငံ ကာဘရာ ဘာသာေရးၿမိဳ႕မွာ စက္တင္ဘာ ၂၀ ရက္က ဘတ္စ္ကားတစီး ဗုံးေပါက္တာေၾကာင့္ လူ ၁၂ ေယာက္ ေသဆုံးၿပီး  အမ်ားအျပား ဒဏ္ရာရတယ္လို႔ အီရတ္လုံၿခဳံေရး အဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။ ဘတ္စ္ကားေပၚမွာ   ေဖာက္ခြဲေရးပစၥည္းတပ္ၿပီး ေျမာက္ဘက္ ၿမိဳ႕ဝင္ေပါက္မွာ  ေဖာက္ခြဲ မီးေလာင္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ ေျပာခြင့္ရပုဂၢိဳလ္က ဆိုပါတယ္။ ဒီေဖာက္ခြဲမႈကို ဘယ္အဖြဲ႕ကမွ  ခ်က္ခ်င္း တာဝန္ယူေျပာတာ မရွိပါဘူး။    အီရတ္ေတာင္ပိုင္း ရွီးယိုက္မြတ္စလင္ အမ်ားစုေနရာမွာ  မၾကာေသးခင္ႏွစ္ေတြအတြင္း ဒီလိုတိုက္ခိုက္တာေတြ နည္းပါးခဲ့ပါတယ္။ အထူးသျဖင့္ ၂၀၁၇ ခုႏွစ္တုန္းက အဲဒီေဒသမွာ  အစၥလာမ္မစ္ႏိုင္ငံေတာ္ နယ္ေျမ ဆုံးရႈံးခဲ့ၿပီးေနာက္ပိုင္း တိုက္ခိုက္တာေတြ နည္းခဲ့တယ္လို႔ ႐ိုက္တာသတင္းမွာေဖာ္ျပပါတယ္။
2 years Ago
Up