ဘတ်စ်ကက်ဘေ

A d v e r t i s e m e n t With Us

February 10, 2020

ကမ္ဘာ့နံပါတ် ၃ စပိန်ကိုနိုင်ပြီး တရုတ်အမျိုးသမီး ဘတ်စကက်ဘောအသင်း အိုလံပစ်ဝင်ခွင့်ရ

ဆားဘီးယားနိုင်ငံ ဘယ်လ်ဂရိတ်မြို့မှာ စနေနေ့က ကျင်းပတဲ့ပြိုင်ပွဲမှာ တရုတ်အမျိုးသမီး ဘတ်စ်ကက်ဘောအသင်းက ကမ္ဘာ့နံပါတ် ၃ စပိန်အသင်းကို အနိုင်ရပြီး ဒီနှစ်ထဲမှာ ကျင်းပမယ့် တိုကျိုအိုလံပစ် အားကစားပွဲ ဝင်ခွင့်ရရှိသွားပါတယ်။ တရုတ်အသင်းဟာ ဗြိတိန်အသင်းကိုလည်း ကြာသပတေး အစောပိုင်းက အနိုင်ရခဲ့တာပါ။ အရည်အသွေးစစ် ပြိုင်ပွဲတွေကို တရုတ်နိုင်ငံတောင်ပိုင်း ဖိုရှန်းမြို့မှာ ကျင်းပဖို့ အစောပိုင်းက စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်နေလို့ ဆားဘီးယားနိုင်ငံ ဘယ်လ်ဂရိတ်မြို့ကို ပြောင်းရွှေ့ ကျင်းပခဲ့တာပါ။ ဒါပေမဲ့ တရုတ် အမျိုးသမီးအသင်းဟာ အိမ်ကွင်းအားသာမှုကို မခံစားရပေမယ့် ၂၀၀၄ ကတည်းကစပြီး ငါးကြိမ်မြောက် အိုလံပစ် အရည် အချင်း ပြည့်မီကြောင်း အောင်ပွဲခံနိုင်ခဲ့ပါတယ်။ သူတို့အောင်ပွဲဟာ အမိမြေက ကူးစက်ရောဂါ တိုက်ဖျက်ရေးစိတ်ဓာတ်ကို မြှင့်တင်ရာမှာ ကူညီနိုင်အသုံးချနိုင်ဖို့ မျှော်လင့်တယ်လို့ အသင်းနည်းပြနဲ့ အသင်းသားတွေက ပြောပါတယ်။  “ခုလို ကံဆိုးမိုးမှောင်ကျမှုကို ရင်ဆိုင်ရင်း အောင်မြင်မှုကို ရယူနိုင်ခဲ့တယ်။ ကျနော်တို့မှာ ခိုင်မြဲတဲ့ ယုံကြည်ပိုင်းဖြတ်မှု ရှိလို့ပဲလို့ ထင်တယ်။ ကျနော်တို့ တနိုင်ငံလုံးလည်း ဒါမျိုး ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ကူးစက်မှုဘေးကို ကျော်လွှားနိုင်ဖို့လိုတယ်။ အဆင်ပြေသွားမယ် ထင်ပါတယ်”လို့ တရုတ်အသင်း နည်းပြ ရွှယ်လီမင်က ပြောပါတယ်။ အသင်းခေါင်းဆောင် ရှောင်တင်က “ကူးစက်မှုကို ရင်ဆိုင်နေရချိန်မှာ အခက်အခဲအားလုံးကို ကျော်လွှားဖို့ စိတ်ဓာတ်ရှိရေး ကျမတို့လုပ်ရပ်က ပြည်သူတွေကို ပိုပြီးအားပေးနိုင်ဖို့ မျှော်လင့်တယ်။ ဘယ်လို အခက်အခဲကမှ တရုတ်ပြည်သူတွေကို မဖိနှိပ်နိုင်ဘူး” လို့ ပြောပါတယ်။
12 months Ago
Up