.ဘတ်ငွေ၄၀၀၀

A d v e r t i s e m e n t With Us

January 29, 2021

ထိုင်းနိုင်ငံတွင် ဝန်ထမ်း ၁၁ သန်းကို ကိုဗစ်ထောက်ပံ့ကြေး ဘတ်ငွေ ၄,၀၀၀ စီ ပေးမည်

ထိုင်းနိုင်ငံမှာ လူမှုဖူလုံရေးအစီအစဉ်အောက်က ကိုဗစ်-၁၉ ကပ်ဘေးသင့် ပုဂ္ဂလိက ဝန်ထမ်းတွေကို ဘတ် ၄,၀၀၀ စီ ထောက်ပံ့ကြေးပေးသွားဖို့ ရှိနေတယ်လို့ အလုပ်သ မားဝန်ကြီးဌာန ဝန်ကြီး ဆူချာတ်ချုံကလင်က ပြောပါတယ်။

       ဒီထောက်ပံ့ငွေကိုတော့ အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ရပြီးတာနဲ့ မကြာခင်မှာပဲ အမြန်ဆုံး ပေးအပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

       ထိုင်းလူမှုဖူလုံရေးအက်ဥပဒေပုဒ်မ ၃၃ အရ ဒီထောက်ပံ့ကြေးကို ခံစားခွင့်ရရှိတဲ့ ပုဂ္ဂလိကကုမ္ပဏီ၀န်ထမ်း ၁၁ သန်းရှိနေတယ်လို့ ဆိုပါတယ်။

       ဒီအကူအညီဟာ လနဲ့ချီပြီး ကိုဗစ်-၁၉ အကျပ်အတည်းကြား ရင်ဆိုင်ခဲ့ရတဲ့ လုပ်ငန်းတွေက အလုပ်သမားတွေ၊ ဝန်ထမ်းတွေအတွက် ထောက်ပံ့ပေးနိုင်ဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာရဲ့ ကနဦးညွှန်ကြားချက်ဖြစ်တယ်လို့ ဆူချာတ်က ပြောပါတယ်။

       ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း အလုပ်သမားတွေ တော်တော်များများဟာ လုပ်ခလစာတွေ လျှော့ချခံရတာတွေလည်း ရှိနေတာပါ။

       ဒီထောက်ပံ့ကြေးရရှိဖို့အတွက် ဝန်ထမ်းအလုပ်သမားအနေနဲ့ ထိုင်းနိုင်ငံသားဖြစ်ရ မှာဖြစ်ပြီး ဘဏ်အပ်ငွေ ဘတ် ၅ သိန်းထက်မကျော်လွန်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။

1 month Ago
Up