ဘတ် ၁၀ သန်း

May 6, 2018

ထိုင်းအမျိုးသားကို ဘတ် ၁၀ သန်း တင်တောင်းခဲ့သည့် နိုင်ငံခြားသား

  ထိုင်းနိုင်ငံမှာ မေလ ၄ ရက်နေ့က နိုင်ငံခြားသားအမျိုးသားတဦးနဲ့ ထိုင်းအမျိုးသားတဦးတို့ လက်ထပ်ခဲ့တယ်လို့ ပတ္တယားဝမ်းသတင်းမှာ ဖော်ပြထားပါတယ်။ ပျော်ရွှင်ဖွယ်ရာ မင်္ဂလာအခမ်းအနားရဲ့ ဗွီဒီယိုရုပ်သံကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် “S Saint” ဆိုတဲ့ စာမျက်နှာမှာ တင်ထားပြီး နိုင်ငံခြားသားအမျိုးသားက စုစုပေါင်းငွေ ဘတ် ၁၀ သန်း တန်ဖိုးရှိတဲ့ ငွေသား၊ မြေ၊ ကွန်ဒိုတခန်းနဲ့ စိန်လက်စွပ်တကွင်း တင်တောင်းခဲ့တယ်လို့ သိရပါတယ်။ သတင်းထဲမှာ စုံတွဲရဲ့ အမည်တွေနဲ့ မင်္ဂလာဆောင် အခမ်းအနားက ဘယ်နေရာမှာ ကျင်းပတယ်ဆိုတဲ့ အချက်အလက်တွေတော့ အသေးစိတ် ပြောထားခြင်းမရှိပါဘူး။
4 years Ago
Up