ဘတ်စ်ကွက်

February 7, 2019

ဘာစီလိုနာနှင့် ရီးရဲလ်သည် ဥရောပ၏ အကောင်းဆုံးနှစ်သင်းဖြစ်ဟု ဘတ်စ်ကွက် ပြော

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေဟာ စပိန်မှာတင်မဟုတ်ဘဲ ဥရောပရဲ့ အကောင်းဆုံးနှစ်သင်း ဖြစ်တယ်လို့ ဘာစီလိုနာ ကွင်းလယ်လူ ဘတ်စ်ကွက်က ပြောကြားလိုက်ပါတယ်။ အယ်လ်ကလက်စီကို ဒါဘီလို့ ပြောဆိုကြတဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်အသင်းတို့ဟာ မနေ့ညက ကိုပါဒယ်ရေးဖလား ဆီးမီးဖိုင်နယ် ပထမအကျော့အဖြစ် နူးကမ့်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ပြီး တဂိုးစီ သရေကျခဲ့ပါတယ်။ ရလဒ်ပိုင်းဟာ နှစ်သင်းစလုံးအတွက် မျှတတဲ့ရလဒ်ဖြစ်ပြီး ဒုတိယအကျော့မှာ အရာအားလုံးကို အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်လို့ ဘတ်စ်ကွက်က ပြောပါတယ်။ ဥရောပရဲ့ အကောင်းဆုံးနှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်ပြီး ဘယ်သူကမှ အနိုင်ရမယ်လို့ ပိုပြီး ရေပန်းစားတာ မရှိဘူးလို့ ဘတ်စ်ကွက်က ဆိုပါတယ်။ ဒုတိယအကျော့ကို ရီးရဲလ်ကွင်းမှာ သွားကစားရမှာ ဖြစ်ပေမယ့် အသင်းတိုင်းမှာ အခွင့်အရေး ဆတူရှိတယ်လို့လည်း ဘတ်စ်ကွက်က ပြောကြားသွားခဲ့ပါတယ်။ ဒုတိယအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ကစားမှာဖြစ်ပြီး ရီးရဲလ်အသင်းက အဝေးဂိုးတဂိုး ရထားတာကတော့ အားသာချက်ဖြစ်နေပါတယ်။
2 years Ago
Up