တရုတ်နိုင်ငံမှ ယာဉ်မောင်းအမျိုးသားတဦးဟာ သူ့ရဲ့ကားနဲ့ ဘတ်စ်ကားကြီးတစီး တိုက်မိခဲ့ပြီးနောက်မှာ ကားကို အရှိန်ထိန်းရပ်တန့်ဖို့ ကြိုးစားရင်း တရွတ်ဆွဲပါသွားခဲ့ ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဇန်န၀ါရီလ ၆ ရက်နေ့က တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ဂွီကျိုးခရိုင်၊ ဇီရွှီးဒေသတွင်းက လမ်းဆုံဖြတ်လမ်းတခုမှာဖြစ်ခဲ့တာလို့ စီစီတီဗွီသတင်း တ ပုဒ်မှာ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဘတ်စ်ကားကြီးနဲ့ တိုက်မိခဲ့ပြီးနောက်မှာ အရှိန်နဲ့ ဖြေး ဖြေးသွားနေတဲ့ ကားပေါ်မှာ အဆိုပါယာဉ်မောင်းအမျိုးသားဟာ တရွတ်ဆွဲပါသွားခဲ့တာ ကို တွေ့ရပါတယ်။
နောက်ဆုံးမှာတော့ ကားဟာ လမ်းဘေးက သစ်ပင်တပင်ဆီ ထိုးမောင်းသွားခဲ့ပြီး ရပ်တန့်နိုင်ခဲ့တာပါ။
ကံကောင်းထောက်မစွာပဲ ထိခိုက်ဒဏ်ရာရရှိသူ တယောက်မှ မရှိခဲ့ဘူးလို့ သတင်း က ဆိုပါတယ်။
ယာဉ်မောင်းကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးချိန်မှာတော့ သူဟာ ပြီးခဲ့တဲ့ တလကျော်လောက်ကမှ ယာဉ်မောင်းလိုင်စင်ရရှိထားခဲ့တာကို တွေ့ရှိခဲ့ကြတာပါ။
6 years Ago