ဘတ်စ်ကားတစီး ရုတ်တရက်မီးလောင်၊ ကားတွင်းမှ အဘိုးအိုကို ကယ်တင်

January 5, 2018

ဘတ်စ်ကားတစီး ရုတ်တရက်မီးလောင်၊ ကားတွင်းမှ အဘိုးအိုကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ယီပင်းမြို့မှာ လူစည်ကားရာလမ်းပေါ်မှာ မောင်းနှင်နေတဲ့ ဘတ်စ်ကားတစီး ရုတ်တရက် မီးထလောင်တာကြောင့် ကားပေါ်ပါလာတဲ့ အဘိုးအိုတဦး ကားထဲပိတ်မိနေခဲ့ပါတယ်။ ဇန်နဝါရီ ၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုကို လုံခြုံရေးကင်မရာတွေနဲ့ မျက်မြင်တွေ့ရှိသူတွေက ဗွီဒီယို ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဘတ်စ်ကားမီးထလောင်ရာမှာ ခရီးသည် အယောက် ၂၀ လောက် ချက်ချင်းဆင်းပြေးနိုင်ခဲ့ပေမယ့် အဘိုးအိုတဦး ကားထဲမှာ ပိတ်မိနေခဲ့တာကို ဗွီဒီယိုဖိုင်တွေမှာ တွေ့ရပါတယ်။ ဘတ်စ်ကားထက်ဝက်လောက်အထိ အမြန် မီးလောင်ခဲ့ရာမှာ လမ်းဘေးဈေးသည်တဦးက ပြတင်းပေါက်ကို ရိုက်ခွဲပြီး ပိတ်ပိနေတဲ့ အဘိုးအိုကို ကယ်တင်နိုင်ခဲ့ပါတယ်။ အခုမီးလောင်မှုကြောင့် ယာဉ်မောင်း ဒဏ်ရာရသွားပေမယ့် သေဆုံးသူမရှိဘူးလို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up