ဘတ်စကတ်ဘော

October 11, 2018

တရုတ်နှင့်မြောက်ရီးယားအမျိုးသမီးအသင်းတို့ ဘတ်စကက်ဘော ချစ်ကြည့်ရေးကစား

တရုတ်အမျိုးသမီး  ဘတ်စကက်ဘောအသင်းနဲ့ မြောက်ကိုရီးယားအသင်းတို့ အောက်တိုဘာလ ၉  ရက်နေ့မှာ ချစ်ကြည်ရေးပြိုင်ပွဲ ကစားခဲ့ကြတယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာက ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ တရားဝင် သတင်းအေဂျင်စီ KCNA ကနေ ရိုက်တာစ်သတင်းဌာနကိုပေးတဲ့ ရုပ်သံမှာတော့ လျူယောင်ဂျုံးဂျူ အားကစားရုံမှာ တရုတ် အမျိုးသား ဘတ်စကက်ဘောအသင်းရဲ့ နာမည်ကျော် ကစားသမားဟောင်း ယောင်မင်း၊ မြောက်ကိုရီးယား အဆင့်မြင့်အရာရှိတွေနဲ့ ပွဲကြည့်သူတွေဟာ ချစ်ကြည်ရေး ဘတ်စကက်ဘောပွဲကို ကြည့်ရှုနေပုံတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဒီရုပ်သံကို လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်ခြင်း မရှိပါဘူး။ ကိုရီးးယား အလုပ်သမားပါတီ တည်ထောင်ခြင်း ၇၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တရုတ်အားကစားအသင်း လာရောက်ခြင်းဟာ ၂ နိုင်ငံကြား ဆက်ဆံရေးကို ခိုင်မြဲအားကောင်းစေပါမယ်လို့ တရုတ်အားကစားအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ အားကစားရေးရာ ဝန်ကြီး ကို့ကျုံးဝမ်က မိန့်ခွန်းထဲမှာ ပြောကြားသွားကြောင်း KCNA က အစီရင်ခံပါတယ်။ တရုတ်အားကစားအဖွဲ့ဟာ မြောက်ကိုရီးယား  အားကစားဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ အောက်တိုဘာလ ၈ ရက်နေ့မှာ ပြုံယမ်းမြို့တော်ကို ရောက်ရှိလာတယ်လို့ အစိုးရမီဒီယာက ပြောသွားပါတယ်။
3 years Ago
Up