ဘဏ်အနုကြမ်းစီးမှု

July 24, 2021

မန္တလေးမြို့တွင် အနုကြမ်းစီးမှုဖြစ်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂)ရပ်ကွက်၊ လမ်း ၄၀၊ ၆၃ လမ်း နဲ့ ၆၄ လမ်းကြားရှိ နေအိမ်တစ်ခုမှာ ဇူလိုင်လ ၂၄ ရက် နေ့လယ် ၂ နာရီလောက်က အနုကြမ်းစီးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီနေအိမ်ကို အမည်မသိ လူ ၄ ဦးက ဆိုင်ကယ် ၂ စီးနဲ့ရောက်လာကာ အိမ်ရှင်ဆီကနေ ဓားထောက် လုယက်ဖို့ ကြိုးစားခဲ့ပြီး အိမ်ရှင်ရဲ့ ဇနီးဖြစ်သူက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် လုယက်သူတွေဟာ အိမ်ရှင်ရဲ့ ဝမ်းဗိုက်ကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့ကာ ငွေနဲ့ပစ္စည်းတစ်စုံတစ်ရာ မပါသွားဘဲ လုယက်သူတွေထဲက ၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။

ဓားနဲ့ အထိုးခံရတဲ့ အိမ်ရှင်ကိုတော့ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ တင်ပို့ထားပါတယ်။

2 years Ago

August 4, 2020

ယူကရိန်းမြို့တော် ကိယက်ဗ်တွင် ဘဏ်အနုကြမ်းစီးမှု ဖြစ်ပွား

ယူကရိန်းနိုင်ငံ မြို့တော်ကိယက်ဗ်မှာ သြဂုတ် ၃ ရက်က ဘဏ်အနုကြမ်းဝင်စီးသူ တစ်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဓားစာခံဖြစ်သူကတော့ အထိအခိုက်မရှိ လွတ်မြောက်ခဲ့ပါတယ်။ အနုကြမ်းဝင်စီးသူက နေ့လယ်ပိုင်းအချိန် ဘဏ်ထဲဝင်ပြီး ဘဏ်ဝန်ထမ်းတွေကို သူ့ကျောပိုးအိတ်ထဲမှာ ဗုံးပါတယ်လို့ပြောကာ ဘဏ်ဝန်ထမ်းတွေကို အပြင်ထွက်ခိုင်းခဲ့ပါတယ်။ အူဒီနောက် အနုကြမ်းစီးသူက ဘဏ်ခွဲအကြီးအကဲကို ဓားစာခံအဖြစ် ခေါ်ထားခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး  အန်တိုဂယ်ရာရှီကိုက ဖေ့စ်ဘွတ်ခ်မှာ ရေးပါတယ်။ အဲဒီနောက် အနုကြမ်းစီးသူက ဂျာနယ်လစ်တွေနဲ့ အင်တာဗျူးလုပ်ဖို့တောင်းဆိုပြီး ရဲတပ်ဖွဲ့က ဂျာနယ်လစ်အများအပြားကို အင်တာဗျူး ယူခွင့် ပြုခဲ့ပါတယ်။ ယူကရိန်းရဲ့ 112.ua ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်ချက်မှာတော့  အနုကြမ်းဝင်စီးသူက သူဟာ ဘုရားသခင် စေလွှတ်လိုက်သူဖြစ်တဲ့အကြောင်းနဲ့ သမ္မတ ဇီလန်စကီကိုတော့ ကတိမတည်ဘူးဆိုပြီး ပြောဆို ဝေဖန်ခဲ့ပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့က ဘဏ်ကို ဝင်ရောက်စီးနီးခဲ့ပြီး  အကြမ်းဖက်သမားကို ဖမ်းမိခဲ့တယ်။   ဒီအနုကြမ်းစီးမှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်းမှာ ၃ ကြိမ်မြောက် ဖြစ်ခဲ့တာပါ။  ပြီးခဲ့တဲ့လကလည်း မြို့တော်  ကိယက်ဗ်မှာ  လူ ၁၃  ယောက်ပါ ခရီးသည်တင်ယာဉ်ကို  လက်နက်ကိုင် လူတစ်ဦးက နာရီပိုင်းကြာ ပြန်ပေးဆွဲခဲ့ပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့က ဝင်စီးနင်းခဲ့ရပြီး  ဓားစာခံအားလုံး လွတ်မြောက်ခဲ့တယ်လို့ ရိုက်တာက ရေးပါတယ်။
3 years Ago
Up