ဘဏ်များ

March 24, 2021

လုပ်ငန်းခွင်မဝင်သည့်ဝန်ထမ်းများအား အရေးယူရန် ဘဏ်များကို အကြမ်းဖက်စစ်ကောင်စီ ဖိအားပေး

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် ငွေရေးကြေးရေးအဖွဲ့စည်းများမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ လုပ်ငန်းခွင်မဝင်ရောက်ပါက အရေးယူဖို့ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံဗဟိုဘဏ်အနေနဲ့ ဘဏ်တွေ၊ ငွေရေးကြေးရေးကုမ္ပဏီတွေနဲ့ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ငန်းအဆင်ပြေချောမွေ့စေဖို့ internal control system အလေးထားဖို့ အသိပေးထားပြီးဖြစ်တယ်လို့ ပါရှိပါတယ်။

အဲ့ဒီအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့  ဝန်ထမ်းတွေ လုပ်ငန်းခွင် အမြန်ဝင်ရောက်ဖို့၊ လုပ်ငန်းခွင်ဝင်ရောက်ခြင်းမရှိတဲ့ ဝန်ထမ်းတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက အရေးယူဖို့ကို ဖိအားပေးတာလည်းဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကတော့ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တွေနဲ့ ဘဏ်ဝန်ထမ်းတွေအနေနဲ့ အာဏာရှင်တော်လှန်ရင်း နွေဦးလမ်းမများပေါ်မှာ ကျဆုံးသွားသူတွေ၊ စစ်အာဏာရှင်တွေရဲ့ အမိန့်ဖီဆန်ကျသူတွေနဲ့ အတူ CDM လှုပ်ရှားမှုမှာ ဆက်လက်တိုက်ပွဲဝင်ကြဖို့ ဒီကနေ့ရက်စွဲနဲ့ တိုက်တွန်းထားတာရှိပါတယ်။

7 months Ago

February 1, 2021

ဖေဖော်ဝါရီ ၂ ရက်နေ့ ဘဏ်များအားလုံး ပြန်ဖွင့်မည်

မနက်ဖန် ဖေဖော်ဝါရီ ၂ ရက်နေ့ ဘဏ်တွေအားလုံး ပြန်ဖွင့်ပြီး ဝန်ဆောင်မှုတွေ ပုံမှန် ပြန်လည်ပတ်မယ်လို့  မြန်မာနိုင်ငံဘဏ်များအသင်းက ထုတ်ပြန်ပါတယ်။ 

ဘဏ်များအသင်းဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ရဲ့ ဒီညနေမှာလုပ်တဲ့ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်အရ ခုလို ဆောင်ရွက်တာလို့ ဆိုပါတယ်။

ဒီကနေ့မနက်က နိုင်ငံတော်အာဏာကို တပ်မတော်က သိမ်းယူပြီးနောက် အင်တာနက်လိုင်းနဲ့ ဆက်သွယ်ရေးဖုန်းလိုင်း ပြတ်တောက်ခဲ့ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေလည်း အခက်အခဲကြုံ တွေ့ခဲ့ရတာပါ။

ရန်ကုန်မြို့က ပုဂ္ဂိလိက ဘဏ်ခွဲတွေရှေ့မှာ ရှိတဲ့  ATM ငွေထုတ်စက်တွေမှာ လူတွေ တန်းစီပြီး‌ ငွေထုတ်ယူခဲ့ကြရပါတယ်။ 

9 months Ago
Up