ဘဏ်မန်နေဂျာ

September 8, 2021

ဖလမ်းမြို့က ဘဏ်မန်နေဂျာကို CNDF က ကျည်ဆန်ဖြင့် သတိပေး

ရာခိုင်နှုန်းအဆမတန် တောင်းနေတဲ့ ဖလမ်းမြို့က ခရိုင်ဘဏ်မန်နေဂျာကို စက်တင်ဘာ ၆ ရက်နေ့က CNDF တပ်ဖွဲ့က ကျည်ဆန်တစ်တောင့်နဲ့ သတိပေးထားတယ်လို့ သိရပါတယ်။ 

ချင်းပြည်နယ် ဖလမ်းမြို့ မြန်မာ့စီပွားရေးဘဏ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ခရိုင်ဘဏ်မန်နေဂျာ ဟာ ပြည်သူတွေ ငွေကြေးထုတ်ယူရာမှာ ရာခိုင်နှုန်း အဆမတန် တောင်းယူနေတာ ကြားသိရတယ်လို့ ဆိုပါတယ်။

အခုလို အများပြည်သူ အခက်ခဲ၊ အကျပ်အတည်း ကြုံတွေ့နေချိန်မှာ မတရားလောဘနဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်နေတာကို ရပ်တန့်ဖို့အတွက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က စက်တင်ဘာ ၆ ရက်နေ့ ရက်စွဲနဲ့ ပြင်းထန်စွာသတိပေးထားတာပါ။

ခရိုင်ဘဏ်မန်နေဂျာအနေနဲ့ ပြည်သူလူထုအပေါ် ခေါင်းပုံဖြတ်နေတာကို မရပ်တန့်ပါက အသက်အန္တရာယ်ကို အာမခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

3 months Ago
Up