ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း စီရာယာပြည်နယ် မီလာဂရိစ်မြို့မှာ ဒီဇင်ဘာ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဘဏ်ဓားပြပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၆ ဦး အပါအ၀င် လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။
ဒေသမီဒီယာကတော့ ကလေး ၂ ဦးအပါအ၀င် ဓားစာခံ ၅ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
သေဆုံးခဲ့သူ ၅ ဦးဟာ တမိသားစုထဲက ဖြစ်တယ်လို့ မီလာဂရိစ်မြို့တော်ဝန်ကို ကိုးကားပြီး G1 သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။
လက်နက်ကိုင် ဂိုဏ်းတခုက အဆိုပါ မိသားစုရဲ့ ကားကို အဝေးပြေးလမ်းမအနီးမှာ ပြန်ပေးဆွဲပြီး မြို့ထဲ ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။
ဘဏ်ခွဲနှစ်ခုက ATM စက်တွေကို လုယက်တဲ့ ဓားပြဂိုဏ်းကို ရဲက တားဆီးရာကနေ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။
အဲဒီလို ပစ်ခတ်ပြီးနောက် ဓားပြဂိုဏ်းဟာ ငွေတွေမပါဘဲ ဗန်ကား နှစ်စီးနဲ့ လွတ်မြောက်သွားခဲ့တယ်လို့ G1 သတင်းဝက်ဘ်ဆိုက်က ဆိုပါတယ်။
အဲဒီနောက် စွန့်ပစ်ကားတစီးပေါ်မှာ ဘဏ်ဓားပြတဦးရဲ့ ရုပ်အလောင်းကိုတွေ့ရပြီး သံသယရှိသူ နှစ်ဦးကို ရဲက ဖမ်းဆီးခဲ့ပါတယ်။
ဘရာဇီး ရဲတပ်ဖွဲ့ဟာ လွတ်မြောက်နေတဲ့ ဘဏ်ဓားပြဂိုဏ်းဝင်တွေကို ရဟတ်ယာဉ် အကူအညီနဲ့ ဆက်လက်ရှာဖွေနေတယ်လို့ မြို့တော်ဝန်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
4 years Ago