ဘဏ်တွင်း ဓားပြတိုက်သည့် အမျိုးသားကို လုံခြုံရေးအဘိုးအို ဖမ်းဆီး

February 22, 2017

ဘဏ်တွင်း ဓားပြတိုက်သည့် အမျိုးသားကို လုံခြုံရေးအဘိုးအို ဖမ်းဆီး (ရုပ်သံ)

တရုတ်နိုင်ငံ ဘဏ်တခုအတွင်း ဓားကိုင်ဝင်ရောက်ကာ ဓားပြတိုက်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားကို လုံခြုံရေးအဖိုးအိုတဦးက ကံကောင်းထောက်မစွာပဲ တိုက်ခိုက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဂွမ်ဒေါင်းခရိုင်၊ ဂွမ်ကျိုးမြို့မှာ ဖြစ်ခဲ့တာလို့ စီဂျီတီအဲန်သတင်းမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီအမျိုးသားဟာ ပလတ်စတစ်အိတ်တလုံးကို ကိုင်ပြီး ဘဏ်တွင်း ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဝန်ထမ်းတဦးအနီးကို ကပ်သွားခဲ့ကာ ဓားနဲ့ဝှေ့ယမ်းခြိမ်းခြောက်ခဲ့တာပါ။ ဒီနောက် သူဟာ ဘဏ်တွင်းမှ အဖိုးအိုတဦးအနီးကို ချဉ်းကပ်ခဲ့ချိန်မှာ လုံခြုံရေးဝန်ထမ်း အဖိုးအိုက သူ့အနီးကို အကြောက်အလန့်မရှိ ရောက်လာခဲ့ပြီး တိုက်ခိုက်ဖမ်းဆီးနိုင်ခဲ့တာပါ။ အဲဒီနောက်တော့ ဓားပြကို ရဲလက်အပ်နှံခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
4 years Ago
Up