ဘဏ္ဍာရေးတောင့်တင်းမှု

February 14, 2020

ပီအက်စ်ဂျီအသင်း ဘဏ္ဍာရေးတောင့်တင်းမှု  အဆင့် ၁ တွင် ရပ်တည်

ဘောလုံးအသင်းတွေရဲ့ ဘဏ္ဍာရေးတောင့်တင်းမှု အဆင့်သတ်မှတ်ချက်မှာ ပီအက်စ်ဂျီအသင်းက နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့ပါတယ်။  ဘောလုံးဘဏ္ဍာရေးဆိုင်ရာ အစီအရင်ခံစာရဲ့ ထုတ်ပြန်ချက်အရ ဘဏ္ဍာရေးတောင့်တင်းမှု ဆိုင်ရာ အဆင့်သတ်မှတ်ချက်ကို အချက် ၅ ချက်နဲ့ တိုင်းတာ တွက်ချက်ခဲ့တာပါ။  ဒီလိုသတ်မှတ်ရာမှာ ကစားသမားတွေရဲ့တန်ဖိုး၊ မြင်သာတဲ့ ပိုင်ဆိုင်မှု၊ ဘဏ်အကောင့်စာရင်း၊ ပိုင်ရှင်ရဲ့ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံမူ၊ အသားတင်ကြွေးမြီ စတဲ့ အချက်တွေအပေါ် အခြေခံပြီး တွက်ချက်ခဲ့တာပါ။ အဲဒီအချက်တွေကို အခြေခံတိုင်းတာချက်အရ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ရမှတ် ၅ ဒသမ ၃၁၈ နဲ့ ဘဏ္ဍာရေးတောင့်တင်းမှု အရှိဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ ပီအက်စ်ဂျီနဲ့အတူ၊ မန်စီးတီး၊ ဘိုင်ယန်မြူး နစ်၊ စပါး၊ ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူး၊ ဂျူဗင်တပ်၊ ဒေါ့မွန်တို့ ပါဝင်ခဲ့ပါတယ်။  နာမည်ကြီးအသင်းတွေထဲမှာတော့ ဘာစီလိုနာက အဆင့် ၁၂၊ မန်ချက်စတာယူနိုက်တက်က အဆင့် ၁၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ 
1 year Ago
Up