ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကို ဘင်္ဂါလီ ၄ ဦး ဧပြီလ ၃၀ ရက်နေ့က တရားမဝင် ထပ်မံဝင်ရောက်လာတယ်လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦး စိုးအောင်က ပြောပါတယ်။
အဆိုပါ ၄ ဦးဟာ မင်္ဂလာကြီးနယ်မြေဘက်က ဝင်ရောက်လာတာဖြစ်ပြီး လက်ရှိမှာတော့ လှဖိုးခေါင် ယာယီစခန်းမှာ Facility Quarantine အနေနဲ့ ၂၁ ရက် ထားရှိထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧပြီ ၄ ရက်နေ့ကလည်း တရားမဝင် ဝင်ရောက်လာသူ ၁၂ ဦးရှိခဲ့ပြီး အဲဒီလူတွေကိုလည်း လှဖိုးခေါင် ယာယီစခန်းမှာ Facility Quarantine ထားရှိထားတယ်လို့ စခန်းတာဝန်ရှိသူက ပြောပါတယ်။
ဧပြီ ၁၃ ရက်နေ့ကစပြီး မောင်တောနယ်စပ်ဂိတ်ပေါက်တွေ အားလုံးကို ပိတ်ထားပေမဲ့ နယ်စပ်မျဉ်းဟာ ရှည်လျားတဲ့အတွက် မောင်တောနယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာသူတွေမရှိအောင် တားဆီးဖို့ မလွယ်ကူဘူးလို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှုးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း COVID-19 ရောဂါကူးစက်ရောဂါကြောင့် သေဆုံးမှုဟာ မေလ ၁ ရက်နေ့အထိ ၁၇၀ ဦးအထိ ရှိလာနေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
လင်းလက်
10 months Ago