ဘင်္ဂါလီရွာ

February 19, 2020

ဘင်္ဂါလီရွာများကို အေအေအဖွဲ့ မိုင်းထောင်နေဟု တပ်မတော်ထုတ်ပြန်၊ မဟုတ်မှန်ကြောင်း  အေအေ ငြင်းဆို

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်ကျေးရွာမှာနေထိုင်တဲ့ မာမွတ်အီနူ ခေါ် အဘူကာဆင့်ဟာ ဖေဖေါ်ဝါရီ ၁၈ ရက် မနက် နွားကျောင်းထွက်ချိန် ရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၈၀၀ အရောက်မှာ အေအေထောင်ထားတဲ့မိုင်းနင်းမိပြီး ဘူးသီးတောင်ဆေးရုံပို့ဆောင်ချိန်မှာ သေဆုံးသွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ အေအေအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ဘင်္ဂါလီကျေးရွာတွေမှာ မိုင်းထောင် တာတွေလုပ်ဆောင်တဲ့အတွက်ကြောင့် ဇန်နဝါရီ ၇ ရက်နေ့ကလည်း ထိပ်တူပေါက်ကျေးရွာက ကျောင်းဆရာအပါအဝင် ကလေးငယ်တွေ သေဆုံးခဲ့တယ်လို့လည်း တပ်မတော် ထုတ်ပြန်ချက်မှာ  ဖော်ပြပါတယ်။ အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အခြေအမြစ်မရှိတဲ့ ထုတ်ပြန်ချက်သာ ဖြစ်ပြီး သေဆုံးသွားတဲ့သူက တပ်မတော်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားတာလို့ ဒီဗွီဘီကို ပြောပါတယ်။ 
2 years Ago
Up