ဘင်္ဂလားဒေ့ရှ်- မြန်မာ

A d v e r t i s e m e n t With Us

March 25, 2020

ဘင်္ဂလားဒေ့ရှ်- မြန်မာကုန်သွယ်မှု ယာယီပိတ်မည်

လတ်တလောဖြစ်ပွားနေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ် အခြေအနေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့  မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုတွေကို မတ်လ ၂၆ ရက်က စတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ယာယီ ပိတ်သွားမယ်လို့ မောင်တော ကုန်သွယ်ရေးစခန်းက တာဝန်ခံက ပြောပါတယ်။  "မြန်မာဘက်ကပိတ်တာတောမဟုတ်ဘူးဗျ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ၂၆ ရက်နေ့မှစပြီး ဧပြီလ ၄ ရက်နေ့အထိ ယာယီ ပိတ်မှာဖြစ်တယ်လို့ စစ်တွေ အခြေစိုက်ဘင်္ဂလား ကောင်းစစ်ဝန်ရုံးကအတည်ပြုတာရှိတယ်၊ “လို့ စခန်းတာဝန်ခံကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မတ်လ ၂၆ ရက်နေ့ကနေ ဧပြီလ ၄ ရက်နေ့အထိ ယာယီပိတ်သွားမှာလို့ စစ်တွေအခြေစိုက် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။  အဲဒီလိုပိတ်တာနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တရားဝင်အကြောင်းကြားတာမျိုး မရှိသေးဘူးလို့လည်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။ "ဒီမှာနှစ်နိုင်ငံဆက်ဆံရေးရုံးရှိတယ်လေ။ တရားဝင်အကြောင်းကြားလာတာတာ မရှိသေးဘူး။"လို့ ပြောကြားပါတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ ၂၀၂၀ ဖေဖော်ဝါရီလအထိ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁ ဒသမ ၇၈၅ သန်း၊  သွင်းကုန်တန်ဖိုး ဝ ဒသမ ၀၀၅ သန်း စုစုပေါင်းကုန်သွယ်မူပမာဏ ဒေါ်လာ ၁ ဒသမ ၇၉၀ သန်းရှိတယ်လို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက သိရပါတယ်။ သတင်း- လင်းလက်
10 months Ago
Up