ဘင်္ဂလားဒေ့ရှ်လူငယ်

A d v e r t i s e m e n t With Us

November 14, 2020

၁၇ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်လူငယ်တဦး နိုင်ငံတကာကလေးသူငယ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိ

ဆိုက်ဘာအနိုင်ကျင့်မှုကို တိုက်ဖျက်တဲ့ အသက် ၁၇ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် လူငယ်တဦးဟာ ၂၀၂၀ နိုင်ငံတကာကလေးသူငယ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို နိုဝင်ဘာ ၁၃ ရက်က ရရှိသွားပါတယ်။ ဆာဒက်ရာမန် ဆိုသူ လူငယ်လေးဟာ ဆိုက်ဘာအနိုင်ကျင့်ခံရတဲ့ လူငယ်တွေရဲ့ အသံကို လူတွေ ကြားသိစေဖို့ မိုဘိုင်းအပလီကေးရှင်းတစ်ခု ဖန်တီးခဲ့သူပါ။  “Cyber Teens,” လို့ခေါ်တဲ့ သူ့အပလီကေးရှင်းကြောင့် အနိုင်ကျင့်ခံရတဲ့ လူငယ်တွေက စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ အဆက်အသွယ်ရပြီး စေတနာ့ဝန်ထမ်းတွေက အဲဒီအနိုင်ကျင့်မှုတွေကို ရဲတပ်ဖွဲ့နဲ့ လူမှုကူညီရေးလုပ်သားတွေကို အကြောင်းကြားပေးပါတယ်။ ရာမန်ရဲ့ အပလီကေးရှင်းကို အကြိမ်ပေါင်း ၁,၈၀၀ ဒေါင်းလုတ်ဆွဲပြီး အပလီကေးရှင်းကြောင့် ကလေးသူငယ်တွေဆီ လိင်အသားပေးအကြောင်းအရာတွေ ပေးပို့သူ လူကြီးတွေ အပါအဝင် လူ ၈ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။  သည်ဟိတ်မြို့မှာ ကျင်းပတဲ့ ရာမန်ရဲ့ ဆုပေးပွဲ အခမ်းအနားအတွင်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာလာလာက “ဆာဒက်ဟာ ဒီနေ့ခေတ် လူငယ်တွေရဲ့  အားကျစရာ ပုဂ္ဂိုလ် ဖြစ်တယ်” လို့ ပြောပါတယ်။  နိုင်ငံတကာ ကလေးသူငယ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရသူတွေထဲမှာ မာလာလာနဲ့ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ ဂတ်သာသန်းဘာ့ဂ်တို့လည်း ပါဝင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
2 months Ago
Up