ဘင်လာဒင်

June 26, 2020

ဘင်လာဒင်အား အမေရိကန်ညှဉ်းဆဲသတ်ဖြတ်ခဲ့ကြောင်း ပြောခဲ့သည့် ပါကစ္စတန်ဝန်ကြီးချုပ် ဝေဖန်ခံနေရ

အယ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ဟာ အမေရိကန် တပ်ဖွဲ့ဝင်တွေရဲ့  ညှဉ်းဆဲသတ်ဖြတ်တာ ခံရတယ်ဆိုတဲ့ မှတ်ချက်စကားကြောင့် ပါကစ္စတန် ဝန်ကြီးချုပ်  အီမရမ်ခန်းဟာ ဇွန်လ ၂၅ ရက်က ဝေဖန်ခံနေရပါတယ်။  ဝန်ကြီးချုပ်ခန်းက “အမေရိကန် တပ်ဖွဲ့တွေ အဘော့တာဘတ်မြို့ထဲ ဝင်ပြီး  ဘင်လာဒင်ကို ညှဉ်းဆဲ သတ်ဖြတ်ချိန်မှာ ကျနော်တို့ ပါကစ္စတန် နိုင်ငံသားတွေ ဘယ်လောက် အရှက်ရလဲဆိုတာ ကျနော် မမေ့ပါဘူး” လို့ မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ်ခန်းရဲ့ မှတ်ချက်စကားကို  ကန့်ကွက်သူတွေထဲမှာ အတိုက်အခံခေါင်းဆောင် ခါဝါဂျာ အဇစ်လည်း အပါအဝင် ဖြစ်ပါတယ်။ သူက ဘင်လာဒင်ကို အစွန်းရောက် အကြမ်းဖက်သမားဆိုပြီး ပြောဆိုခဲ့ပါတယ်။   ဘင်ဘာဒင်ဟာ ပါကစ္စတန်ကို ဖျက်ဆီးခဲ့ပြီး ခန်းက  ဘင်လာဒင်ကို အာဇာနည်လို့ ခေါ်ဆိုနေတယ်လို့ အဇစ်က ပြောခဲ့ပါတယ်။ ပါကစ္စတန် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဘီလာဝါ ဘူဒိုဇာဒါရီကလည်း ဝန်ကြီးချုပ်ခန်းဟာ   အကြမ်းဖက် အစွန်းရောက်ဝါဒကို ချွေးသိပ်ပြောဆိုနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ 
11 months Ago
Up