ဘင်ဇီမာ

A d v e r t i s e m e n t With Us

December 23, 2020

ရီးရဲလ်တိုက်စစ်မှူး ဘင်ဇီမာ လာလီဂါ အကောင်းဆုံးကစားသမားဆု ၂ ဆုရရှိ

စပိန်သတင်းစာ မာကာက ချီးမြှင့်တဲ့ လာလီဂါ အကောင်းဆုံးကစားသမား ဆုပေးပွဲမှာ ရီးရဲလ်တိုက်စစ်မှူး ဘင်ဇီမာက ဆု ၂ ခုအထိ ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ လာလီဂါရဲ့ အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ အယ်ဖရက်ဒိုစတီဖန်နိုဆုကို ဘင်ဇီမာက ရယူနိုင်ခဲ့ပြီး ပရိသတ်တွေက ရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဘင်ဇီမာဟာ မနှစ်က ၂၁ ဂိုးသွင်းခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ၂၀၁၇ နောက်ပိုင်း လာလီဂါချန်ပီယံ ဖြစ်ခဲ့ရာမှာ ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။  ၂၀၀၇-၂၀၀၈ ဘောလုံးရာသီမှာ ရာအူးလ်က မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့ပြီးနောက် ဘင်ဇီမာက မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။  ဂိုးသွင်းဘုရင်ဆုကိုတော့ လာလီဂါသွင်းဂိုး ၂၅ ဂိုးရခဲ့တဲ့ မက်ဆီက ရယူနိုင်ခဲ့ပါတယ်။ အကောင်းဆုံးဂိုးသမားဆုကိုတော့ ရီးရဲလ်ဂိုးသမား ကော့တွိုက်က တတိယအကြိမ်မြောက် ရယူနိုင်ခဲ့ပါတယ်။  အကောင်းဆုံးနည်းပြဆိုကိုတော့ ရီးရဲလ်နည်းပြက ဇီဒန်းက ရရှိသွားပါတယ်။
1 month Ago

July 30, 2020

ဘလွန်းဒီအောဆု မက်လောက်စရာမရှိဟု ရီးရဲလ်တိုက်စစ်မှူး ဘင်ဇီမာပြော

ဘလွန်းဒီအော အကောင်းဆုံးကစားသမားဆုရဖို့ မျှော်မှန်းခဲ့ပေမယ့် ရူးလောက်စရာဆု တော့မဟုတ်ကြောင်း ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘင်ဇီမာက ပြောပါတယ်။  ဘင်ဇီမာဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့  ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို တစ်ကြိမ်တစ်ခါမှ ရယူဖူးခြင်းမရှိခဲ့ပါဘူး။  အခုနှစ်ရာသီမှာ အသင်းတိုက်စစ်ကို ဦးဆောင်ပြီး လာလီဂါချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့်  ဘလွန်းဒီအောဆုချီးမြင့်ဖို့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဖျက်သိမ်းခဲ့ ပါတယ်။  ဘလွန်းဒီအောဆုရရှိဖို့ ငယ်စဉ်ကတည်းက ရည်မှန်းချက်ထားခဲ့တာ မှန်ပေမယ့်လည်း ကစားသမားဘဝကို တွန်းအားပေးလောက်တဲ့အထိတော့ ရူးသွပ်မှု မရှိခဲ့ဘူးလို့ ဘင်ဇီမာက ပြော ပါတယ်။  ဘလွန်းဒီအောဆုကို ပြီးခဲတဲ့နှစ်တွေအတွက် မက်ဆီနဲ့စီရော်နယ်ဒိုက အများဆုံးရခဲ့ပြီး မိုဒရစ်တစ်ဦးသာ တစ်ကြိမ် ရရှိခဲ့ဖူးပါတယ်။  ဘင်ဇီမာဟာ အခုနှစ်ရာသီပြိုင်ပွဲစုံမှာ ၄၇ ပွဲ ကစားထားပြီး ၂၆ ဂိုးသွင်းယူထားပါတယ်။
6 months Ago
More News
Up