ဘင်ဂျမင်ဆုန်း

May 18, 2020

မြန်မာအိုင်ဒေါစတား ဘင်ဂျမင်ဆုန်းသီချင်းသစ်-“ပြန်တွေ့မယ့်ရက်” (ရုပ်သံ)

       “တကယ်တမ်းတော့… ဘယ်နေချင်မလဲပေါ့… ကိုယ့်မွေးရပ်မြေမဟုတ်တဲ့ နေရာ… ခက်ခဲခဲ့တဲ့ ခံနိုင်ရည်ကိုမွေး… ဒါမိသားစု စားဝတ်နေရေး… ကိုယ်ချစ်တဲ့ သူတွေနဲ့ ဝေးတဲ့… ဒီခံစားချက်က ဆိုးတယ်… ပြန်တွေ့ရဖို့… အချိန်တွေ အမြန်ကုန်ဖို့… ဆု တောင်းရင်း အထီးကျန်ခဲ့”        ဒီသီချင်းကတော့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ ပရိသတ်အားပေးမှုနဲ့တဆင့် တက်လျှောက်လှမ်းလာခဲ့တဲ့ ချင်းတိုင်းရင်းသားအဆိုတော် ဘင်ဂျမင်ဆုန်းရဲ့ သီချင်းသစ် တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။        “ပြန်တွေ့မယ့်ရက်” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ စောထက်နိုင်စိုးက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး Legacy Music ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားတာပါ။        “သတိရတဲ့ စိတ်တွေ… ရင်ထဲ ထိန်းမရနိုင်… ဘယ်လိုဆက်ပြီး ရှေ့ဆက်နိုင်မှာလဲ… ငါ တယောက်တည်း… အမြန်ပြီးဆုံးဖို့ပဲ မျှော်လင့်ရင်း… အားတင်းထားတယ်… ပြန်တွေ့ရမယ့်ရက်ကို ကြိုတွေးနေမယ်” ဘင်ဂျမင်ဆုန်းဟာ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါ Season 4 သီချင်းဆိုပြိုင်ပွဲမှာ အဆင့်ဆင့် သီဆိုယှဉ်ပြိုင်မှုတွေနဲ့အတူ နောက်ဆုံး Finalists ၃ ယောက်အဆင့်ထိ ပါဝင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ပြိုင်ပွဲတလျှောက်မှာလည်း ဖြူဖြူကျော်သိန်းအငယ်စားလေးလို့ တင်စားပြောဆိုရတဲ့အထိ ထူးခြားတဲ့ Performance တွေနဲ့ တင်ဆက်ခဲ့လို့ ချီးကျူးမှုတွေလည်း ရရှိခဲ့သူပါ။ သိပ်မကြာခင်ကလည်း နာမည်ကြီးအဆိုတော် ဖြူဖြူကျော်သိန်းနဲ့အတူ ကွယ်လွန် သွားခဲ့ပြီဖြစ်တဲ့ နာမည်ကြီး အဆိုတော် အဲလ်ဗစ်စ်ပရက်စလေရဲ့ Can’t Help Falling In Love With You သီချင်းကို Cover အနေနဲ့ ပြန်လည်သီဆိုခဲ့ကြပါသေးတယ်။        ခုတခါမှာတော့ တမူထူးခြားတဲ့ သူ့ရဲ့ သီဆိုဟန်နဲ့ သီချင်းသစ်တပုဒ်ကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။        “အရင်တုန်းက အချိန်တွေကို လွမ်းကာ… ငါပြန်တွေးရင်း ဝမ်းနည်းလိုက်တာ… မထင်ထားခဲ့တဲ့ ဒီအခြေအနေကြီး… ပိုပိုပြီးတော့ စိတ်ပူနေမိ… သတိရတဲ့ စိတ်တွေ… ရင်ထဲ ထိန်းမရနိုင်… ဘယ်လိုဆက်ပြီး ရှေ့ဆက်နိုင်မှာလဲ… ငါတယောက်တည်း…  အမြန်ပြီးဆုံးဖို့ပဲ မျှော်လင့်ရင်း… အားတင်းထားတယ်… ပြန်တွေ့ရမယ့်ရက်ကို ကြိုတွေးနေမယ်”
1 year Ago

April 16, 2020

မြန်မာအိုင်ဒေါစတား ဘင်ဂျမင်ဆုန်းရဲ့ ရှာပုံတော်မင်းသားကြီး နှုတ်ဆက်တေး(ရုပ်သံ)

       ကမ္ဘာတလွှား ကပ်ရောဂါအသွင်ဆောင်ခဲ့တဲ့ COVID-19 ဗိုင်းရပ်စ်အန္တရာယ် ကြောင့် မြန်မာနိုင်ငံသားတွေဟာ နှစ်စဉ်မပျက် ကျင်းပနေကျ သင်္ကြန်ရေသဘင်ပွဲတော် ကို အခုနှစ်မှာတော့ အိမ်တွင်းပုန်းဆင်နွှဲခဲ့ကြရပြီ ဖြစ်ပါတယ်။        တနေ့တခြား ကူးစက်ပျံ့ပွားမှု မြန်ဆန်လာနေတဲ့ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရ မှုကနေ ကာကွယ်ဖို့ သက်ဆိုင်ရာ အစိုးရ ကျန်းမာရေးဌာနက အချိန်နဲ့ တပြေးညီ သ တင်းတွေ ထုတ်ပြန်ပေးနေသလို အိမ်ထဲမှာပဲ နေကြဖို့၊ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်း အနားတွေ ရှောင်ကြဉ်ကြဖို့၊ လက်ဆေးဖို့၊ တကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်ကြဖို့၊ မဖြစ် သာလို့ အပြင်ထွက်ရချိန်မှာလည်း ကျန်းမာရေးအကာအကွယ်အပြည့်အစုံနဲ့ သွားလာကြ ဖို့တွေကိုလည်း အသိပေးကြေညာထားခဲ့တာပါ။        ပုံမှန်ဆိုရင်တော့ သင်္ကြန်ကာလမှာ အနုပညာရှင်တွေက မဏ္ဍပ်တွေအနှံ့ သီဆို ဖျော်ဖြေနေကြရမှာ ဖြစ်ပေမယ့် ဒီနှစ်ရဲ့ သင်္ကြန်ကတော့ မိမိနေအိမ်ထဲကတဆင့် ဆင်နွှဲရ တဲ့ အွန်လိုင်းသင်္ကြန် ဖြစ်သွားခဲ့ရတာ ဖြစ်ပါတယ်။        လတ်တလောမှာတော့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲနဲ့အတူ ပရိသတ်ချစ်ခင်အား ပေးမှုရရှိလာတဲ့ ချင်းတိုင်းရင်းသားအဆိုတော် ဘင်ဂျမင်ဆုန်းရဲ့ နှုတ်ဆက် Challenge ရုပ်သံ ထွက်ပေါ်လာခဲ့ပါတယ်။        ဒီရုပ်သံထဲမှာတော့ ဘင်ဂျမင်ဆုန်းက မြန်မာအမျိုးသားဝတ်စုံကို ဝတ်ဆင်ထား ခဲ့ပြီး နာမည်ကြီး သင်္ကြန်သီချင်းတပုဒ်ဖြစ်တဲ့ ‘ရှာပုံတော်မင်းသားကြီး’သီချင်းနဲ့အတူ အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ Challenge ကို လက်ခံသီဆိုခဲ့တာလို့ ဆိုပါတယ်။        သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို မျှ ဝေထားခဲ့ပြီး ခုလိုရေးသားဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။        “အားလုံးပဲ မဂ်လာပါ ခင်ဗျ။ Happy Stay Home Thingyan ပါဗျ။ ဒီနှစ် Thingyan ကိုတော့ ကိုကိုဘင်တို့တွေ Online ကနေပြီးတော့ အတာရေဖျန်းပက်ရင်း Covid-19 ကို မိမိကစကာကွယ်ကြရအောင်လားခင်ဗျ။ ဒီ Online ရေသဘင်မှာကတော့ ညီမလေးဖြူဖြူကနေပြီးတော့ အတူဆင်နွှဲဖို့ challenge ခေါ်ထားတာလေးကို accept လုပ်လိုက်တာဖြစ်ပါတယ်ဗျ။ အားလုံးပဲပျော်ရွှင်ကြပါစေဗျ။ Ko Kyaw Htet Aung ရေ ကိုကိုဘင်လည်းတင်လိုက်ပြီဗျ။ မမဖြူဖြူရေ ကိုကိုဘင်တင်ပြီးသွားပြီဗျ”        ရုပ်သံဗွီဒီယိုဖိုင်အစပိုင်းမှာတော့ ဘင်ဂျမင်ဆုန်းက ရှာပုံတော် မင်းသားကြီးသီချင်း ကို လက်တန်းသီဆိုပြခဲ့ပြီးနောက်မှာတော့ ပရိသတ်တွေကို နှုတ်ဆက်စကားပြောခဲ့ကာ စည်းကမ်းတကျ၊ ကျန်းမာရေးနဲ့အသိအညီ ဆောင်ရန် ရှောင်ရန်အချက်အလက် တွေကို လည်း မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။        လတ်တလောအချိန်ထိ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူ ၂ သန်း ကျော်သွားခဲ့ပြီဖြစ်ကာ မြန်မာနိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၄ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၄ ဦးထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up