ဘင်လာဒင် ၏ ဆွေမျိုးအချို့ လေယာဉ်ပျက်ကျ သေဆုံး (ရုပ်သံ)

August 2, 2015

ဘင်လာဒင် ၏ ဆွေမျိုးအချို့ လေယာဉ်ပျက်ကျ သေဆုံး (ရုပ်သံ)

ဗြိတိန်နိုင်ငံ၊ ဟမ်းရှိုင်းယားမှာ ဇူလိုင် ၃၁ ရက်နေ့က ကိုယ်ပိုင်လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားသူတွေဟာ အိုစမာဘင်လာဒင်ရဲ့ ဆွေမျိုးတွေဖြစ်တယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာ ဆော်ဒီသံရုံးက သြဂုတ် ၁ ရက်နေ့က ပြောပါတယ်။ လေယာဉ်ဟာ ကားလေလံပွဲတခုကျင်းပနေတဲ့နေရာပေါ် ပျက်ကျသွားခဲ့ပြီး လေယာဉ်မှူးနဲ့ ခရီးသည်အားလုံး ၄ ဦး သေဆုံးခဲ့တာပါ။ ဆော်ဒီသံရုံးနဲ့ လေယာဉ်ပျက်ကျမှုစုံစမ်းရေးအဖွဲ့တို့ ဆက်သွယ်ဆောင်ရွက်နေကြပြီး သေဆုံးသူတွေကို အမြန်ဆုံး ဆော်ဒီကိုပြန်ပို့ရေး ဗြိတိန်အာဏာပိုင်တွေ့ ဆောင်ရွက်နေတယ်လို့ သံရုံးကဆိုပါတယ်။ လေယာဉ်ဟာ ဘရာဇီးနိုင်ငံလုပ် Embraer Phenom 300 အမျိုးအစား အသေးစားဂျက်လေယာဉ်ဖြစ်ပြီး ဆော်ဒီမှာ နေထိုင်တဲ့ အိုစမာဘင်လာဒင် အမျိုးတွေ ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။  
6 years Ago
Up