မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီဗီလာတိုက်စစ်မှူး ဘင်ရက်ဒါကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ပြင်သစ်တိုက်စစ်မှူး ဘင်ရက်ဒါဟာ ပြီးခဲ့တဲ့ရာသီက ဆီဗီလာအသင်းနဲ့အတူ စုစုပေါင်း ၅၄ ပွဲ ကစားခဲ့ပြီး ဂိုး ၃၀ သွင်းခဲ့သလို ဖန်တီးမှု ၁၁ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။
အသက် ၂၈ နှစ်ရှိ တိုက်စစ်မှူးကို ခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ သူ့ရဲ့ စာချုပ်ပါလျော်ကြေး ပေါင် ၃၅ ဒသမ ၉ သန်းကို ပေးချေပြီး ခေါ်ယူနိုင်တယ်လို့ သိရပါတယ်။
ဘင်ရက်ဒါဟာ ၂၀၁၈ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်ယူအသင်းဘက်ကို ၂ ဂိုးသွင်းပြီး မန်ယူအသင်းကို ချန်ပီယံလိဂ်ကနေ ထွက်ခွာအောင် ကစားပြခဲ့ဖူးပါတယ်။
မန်ယူအသင်းဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရတဲ့ ဘင်ရက်ဒါကို အခုအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
2 years Ago