ဘင်ဖီကာအသင်း ချန်ပီယံဆုနှင့်အတူ အောင်ပွဲခံ

May 20, 2015

ဘင်ဖီကာအသင်း ချန်ပီယံဆုနှင့်အတူ အောင်ပွဲခံ

ဘင်ဖီကာအသင်းဟာ ပေါ်တူဂီအမှတ်ပေးလိဂ် ချန်ပီယံဆုနဲ့အတူ အောင်ပွဲခံတဲ့ အခမ်းအနားကို လစ္စဘွန်းမြို့မှာ မေ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို ဘန်ဖီကာ ကစားသမားတွေနဲ့အတူ ပရိသတ်တွေ ထောင်ပေါင်များစွာ အောင်ပွဲခံခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က အမှတ်ပေးလိဂ် ပွဲစဉ်မှာ ဘန်ဖီကာဟာ ဂူမာရက်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့သလို အနီးကပ်ဆုံး ပေါ်တိုကလည်း သရေကျခဲ့လို့ ဘင်ဖီကာက ၃ မှတ်အသာနဲ့ ချန်ပီယံ ဖြစ်သွားတာပါ။ လက်ကျန်ပွဲ တပွဲစီ ကျန်ပေမယ့်လည်း ဘန်ဖီကာဟာ ပေါ်တိုနဲ့ ထိပ်တိုက် တွေ့ဆုံမှု ရလဒ်တွေ ကောင်းထားလို့  ချန်ပီယံဆုကို ပွဲမကုန်ခင် သိမ်းပိုက်နိုင်တာပါ။ ဘင်ဖီကာဟာ ကစားထားတဲ့ အမှတ်ပေးလိဂ် ၃၃ ပွဲမှာ ၂၆ ပွဲနိုင်ပြီး ၃ ပွဲပဲ ရှုံးထားပါတယ်။  ဘင်ဖီကာအသင်းဟာ အမှတ်ပေး ချန်ပီယံဆုကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။ နည်းပြ ဂျောဂျီ ဂျီးဇက်ရဲ့ဘင်ဖီကာအသင်းဟာ ပေါ်တူဂီအမှတ်ပေးလိဂ်ကို ၃၄ ကြိမ်မြောက်အဖြစ် ရယူနိုင်တာပါ။ ပေါ်တူဂီ အမှတ်ပေးလိဂ်ပြိုင်ပွဲ သမိုင်းမှာ ဘင်ဖီကာ အအောင်မြင်ဆုံး အသင်းဖြစ်ပြီး ပေါ်တိုက ဒုတိယနေရာမှာ ရှိနေပါတယ်။
7 years Ago
Up