ဘင်ဖီကာဂိုးသမားကို မန်စီးတီး ခေါ်ယူ

June 9, 2017

ဘင်ဖီကာဂိုးသမားကို မန်စီးတီး ခေါ်ယူ

မန်ချက်စတာစီးတီးအသင်းက ပေါ်တူဂီကလပ် ဘင်ဖီကာဂိုးသမား အက်ဒါဆန် မိုရိုက်စ်ကို ပေါင် ၃၅ သန်းပေးပြီး ခေါ်ယူလိုက်ပါတယ်။ ဂိုးသမား အက်ဒါဆန်ဟာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းကို လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ ရောက်ရှိမှာပါ။ အသက် ၂၃ နှစ်အရွယ် ဂိုးသမားဟာ ဘင်ဖီကာအသင်းနဲ့အတူ ဒီနှစ်ထဲမှာ ပေါ်တူဂီအမှတ်ပေးလိဂ် အပါအဝင် ဆုဖလား ၂ ခု ရရှိထားပါတယ်။ ဘရာဇီးဂိုးသမား အက်ဒါဆန်ကတော့ မန်စီးတီးနဲ့အတူ လာမယ့်ရာသီတွေမှာ ဆုဖလားတွေနဲ့ အောင်မြင်မှုတွေ ရယူဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီမှာ အဆင့် ၃ နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
4 years Ago
Up