ချန်ပီယံလိဂ် အုပ်စု ဘီ နောက်ဆုံးပွဲစဉ်မှာတော့ နာပိုလီက ဘင်ဖီကာကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။
ဒီဇင်ဘာ ၆ ရက်ညက ယှဉ်ပြိုင်တဲ့ ဒီပွဲဟာ နှစ်သင်းစလုံးအတွက် အုပ်စုဗိုလ်ဖြစ်ရေး အဆုံးအဖြတ်ပွဲစဉ်လည်း ဖြစ်ပါတယ်။
အဝေးကွင်းဖြစ်ပေမယ့်လည်း နာပိုလီက ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့တာပါ။
ဒီအုပ်စုမှာ နာပိုလီက ၁၁ မှတ်ရပြီး အုပ်စုဗိုလ်၊ ဘင်ဖီကာက ၈ မှတ်ရပြီး အုပ်စုဒုတိယနဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားပါတယ်။
6 years Ago