ဘင်ဖီကာကို ၁ ဂိုး ဂိုးမရှိဖြင့် ဒေါ့မွန် ရှုံးနိမ့်

February 15, 2017

ဘင်ဖီကာကို ၁ ဂိုး ဂိုးမရှိဖြင့် ဒေါ့မွန် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၁၄ ရက်ညက ယှဉ်ပြိုင်တဲ့ ဥရောပချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဂျာမန်ကလပ် ဒေါ့မွန်က ပေါ်တူဂီကလပ် ဘင်ဖီကာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ ဒေါ့မွန်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အသာစီးရခဲ့ပေမယ့် ကန်သွင်းချက်တွေ လွဲချော်တာ၊ ဘင်ဖီကာ ဂိုးသမား ကာကွယ်နိုင်တာတွေကြောင့် လိုအပ်တဲ့ အနိုင်ဂိုးတော့ မရခဲ့ပါဘူး။ ပွဲချိန် ၅၈ မိနစ်မှာ ဒေါ့မွန် ပယ်နယ်တီကန်ခွင့်ရပြီး တိုက်စစ်မှူး အော်ဘာမီယန်း ကန်သွင်းချက် ဘင်ဖီကာ ဂိုးသမား ကာကွယ်နိုင်ခဲ့တဲ့အတွက်လည်း ဒေါ့မွန်တို့ နစ်နာခဲ့ရပါတယ်။ ဘင်ဖီကာအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၄၈ မိနစ်မှာ တိုက်စစ်မှူး Konstantinos Mitroglou က အနီးကပ် ပိတ်သွင်းပြီး ရယူပေးခဲ့တာပါ။ ဒီနှစ်သင်းရဲ့ ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် မတ်လ ၈ ရက်နေ့ကျရင် ဒေါ့မွန်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up