ဘင်္ဂါလီ

February 15, 2019

အထက်မင်းလှမြို့နယ်တွင် အထောက်အထားမဲ့ ဘင်္ဂါလီ ၄၃ ဦး ဖမ်းဆီးရမိ

မ​ကွေးတိုင်း​ဒေသကြီး၊ အထက်​မင်းလှမြို့နယ်​၊ ရေနံမ ရဲစခန်း အပိုင်​နယ်​​မြေအတွင်း ​တောထဲပုန်းခို​နေတဲ့ အ​ထောက်​ထားမယ့် ဘင်္ဂါလီ ၄၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ​ဖေ​ဖော်​ဝါရီ ၁၃ ရက်​​ ညက ​တောထဲမှာ ပုန်းခို​နေတဲ့ အ​ထောက်​အထားမရှိတဲ့ ဘင်္ဂါလီတွေကို  ဖမ်းဆီးရမိခဲ့တာလို့ ရေနံမနယ်​​မြေရဲစခန်းမှူး ရဲအုပ်​မျိုးမင်းထွန်းကပြောပါတယ်။ "​ဖေ​ဖော်​ဝါရီ ၁၂ ရက်​​နေ့က ဖမ်​ဆီးရမိခဲ့တဲ့ ဘင်္ဂလီ ၁၆ ဦးက တောထဲမှာ ၄၃ ဦး ကျန်​ရှိ​နေတယ်​လို့ စစ်​​ဆေး​ပေါ်​ပေါက်​တဲ့အတွက်​ ​ကျေးရွာ လူငယ်​အဖွဲ့​တွေနဲ့ ပူး​ပေါင်း ရှာ​ဖွေခဲ့တာပါ။ ဖေ​ဖော်​ဝါရီ ၁၃ ရက်​​ညက ပူး​ပေါင်းအဖွဲ့က ဝက်​သွယ်​​ကျေးရွာအနီး ​တောထဲက​နေ အ​ထောက်​ထားမဲ့ ဘင်္ဂလီလူမျိုး ၄၃ ဦးဖမ်းဆီး ရမိခဲ့တာပါ။” အဆိုပါ အ​ထောက်​ထားမဲ့ ဘင်္ဂါလီတွေကို ဖေ​ဖော်​ဝါရီလ ၁၄ ရက်​​မနက်​ပိုင်းက မင်းလှမြို့နယ်​ လဝကကို ပို့ဆောင်ပြီး  မှတ်​ပုံတင်​ဥပ​ဒေနဲ့ အ​ရေးယူထားပါတယ်​။ မင်းလှမြို့နယ်​အတွင်း အ​ထောက်​ထားမရှိတဲ့ ဘင်္ဂါလီတွေ ဆက်​တိုက်​ဝင်​​ရောက်​​နေတဲ့ အတွက်​ ရခိုင်​ရိုးမ​နဲ့ ဆက်​စပ်​​နေတဲ့ ​ကျေးရွာ​တွေမှာ အဖွဲ့ခွဲပြီး ပိတ်​ဆို့ ရှာ​ဖွေစစ်​​ဆေး​နေပါတယ်​။ အဆိုပါ ဘင်္ဂါလီလူမျိုး​ ၄၃ ဦးဟာ ရခိုင်​ပြည်​နယ်​ ​ကျောက်​​တော်​မြို့နယ်​က​နေ ပွဲစားတွေက ​ခေါ်​ဆောင်​လာတာဖြစ်​ပြီး ထွက်​ခွာရမယ့်အချိန်​မှာ ပွဲစား​ရောက်​မလာလို့ လူစုကွဲပြီး တောထဲမှာ ကျန်​​နေခဲ့တာလို့ ပြောပါတယ်​။ မင်​လှမြို့နယ်​အတွင်း ၂၀၁၈ ခုနှစ်​ကနေ ၂၀၁၉​ဖေ​ဖော်​ဝါရီ ၁၄ရက်အထိ အထောက်ထားမဲ့ ဘင်္ဂါလီ ၂၂၈ဦးနဲ့  လိုက်​ပါပို့​ဆောင်​သူ ၁၉ ဦး ဖမ်းဆီးအ​ရေးယူခံထားရပါတယ်။ သတင်း-မင်းထီး
3 years Ago

December 1, 2018

ဘင်္ဂါလီများအား လူကုန်ကူးသည့်ပွဲစား ၅ ဦးကို ဖမ်းဆီး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးဘုတ်ကျွန်းအနီး ပင်လယ်ပြင်မှာ ဖမ်းဆီးရရှိခဲ့တဲ့ ဘင်္ဂါလီ ၉၃ ဦးအား အဓိက လူကုန်ကူးသူပွဲစား ၅ ဦးကို မနေ့က ဖမ်းဆီးလိုက်တယ်လို့ စစ်တွေမြို့မရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။ စက်လှေမောင်းသူအပါအဝင် စက်လှေပိုင်ရှင်နဲ့ လူကုန်ကူးပွဲစားတွေဖြစ်ကြတဲ့ ဆော်လိမ်၊ ဟာမိတ်ဟူဆောင်၊ ရာဘီအူလာ၊ အဒူရာမန်၊ ဟိုဘီရာမောတို့ကို ဖမ်းလိုက်တာဖြစ်ပြီး အဲ့ဒီအထဲက အဓိက လူကုန်ကူးပွဲစားတဦးဖြစ်တဲ့ ဟိုဘီရာမောကို စစ်တွေမှာ နိုဝင်ဘာ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ စစ်တွေမြို့မ ရဲစခန်း ရဲအရာရှိတဦးက “၅ ယောက်လုံး ဖမ်းဆီးထားပါတယ်။ စက်လှေမောင်းသူရယ်၊ စက်လှေပိုင်ရှင်နဲ့ အခြားလူကုန်ကူးပွဲစားနှစ်ယောက်ကို ကျနော်တို့ ဖမ်းဆီးထားပါတယ်။ အားလုံးစုစုပေါင်း ၅ ယောက်ပေါ့။ တယောက်ကတော့ ဟိုရက်ပိုင်းကတည်းက စစ်တွေမှာ ဖမ်းဆီးထားပြီးပြီ၊ ဆက်လက် အရေးယူသွားမှာပါ” လို့ပြောပါတယ်။ တဖက်နိုင်ငံသွားမယ့် ဘဂါင်္လီတွေကို ရေတပ်စစ်င်္ဘောနဲ့ စစ်တွေမြို့နယ် သံချောင်းကျေးရွာကို နိုဝင်ဘာ ၃ဝ ရက်နေ့ပြန်လည်ခေါ်ဆောင်လာတာဖြစ်ပြီး အဲ့ဒီအထဲမှာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၃၃ နဲ့ ကလေး ၃၂ ဦး ၊စုစုပေါင်း ၉၃ ဦးပါဝင်ပါတယ်။ စစ်တွေမြို့မရဲစခန်း ရဲအရာရှိတဦးက "ကလေး၊ လူလတ်၊ လူကြီးပိုင်းတွေရော အကုန်ပါတယ်။ ပွဲစားခကြေးကိုတော့ တယောက်နဲ့တယောက်မတူဘူး။ ကလေးဆိုရင် ၄ သိန်းလောက်ပေးရတယ်လို့ ပြောတယ်။ လူကြီးက ၇ သိန်းအထိ ပေးရတာပေါ့။ တနိုင်ငံကိုရောက်အောင်အထိ ပို့ပေးရမှာပေါ့” လို့ ပြောပါတယ်။ ဖမ်းဆီးထားတဲ့ လူကုန်ကူးပွဲစား ၅ ဦးကိုတော့ ခွင့်ပြုချက်မရှိဘဲ လူကိုကျွန်အဖြစ် သုံးရန် တဖက်နိုင်ငံပို့ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၃၆၇ နဲ့ စစ်တွေမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ရဲအရာရှိက ဒီဗွီဘီကိုပြောပါတယ်။ နိုဝင်ဘာ ၃ဝ ရက်နေ့က စစ်တွေမြို့နယ် သဲချောင်းကိုပြန်လည်ရောက်ရှိလာတဲ့ ဘင်္ဂါလီ ၉၃ ဦးကိုတော့ သက်ဆိုင်ရာ ကျေးရွာတာဝန်ခံတွေကတဆင့် နေအိမ်တွေကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သက်ကယ်ပြင် ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးရွှေမောင်က ဒီဗွီဘီကိုပြောပါတယ်။ အခုဖမ်းဆီးရှိခဲ့တဲ့ လူကုန်ကူးသူပွဲစား ၅ ဦးကိုကတော့ ဒါးပိုင်ကျေးရွာနဲ့ သဲချောင်းကျေးရွာက လူတွေဖြစ်ကြတယ်လို့ စစ်တွေမြို့မရဲစခန်း တာဝန်ရှိသူက ဒီဗွီဘီကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ထားဝခရိုင် လောင်းလုံးဘုတ်ကျွန်းအနီးပင်လယ်ပြင်မှာ တဖက်နိုင်ငံကို သွားမယ်ဘင်္ဂါလီ ၉၃ ဦးကို တပ်မတော်(ရေ) ဖမ်းဆီးရမိခဲ့ပြီး သူတို့တွေဟာ ရခိုင်ပြည်နယ် သဲချောင်းကျေးရွာ၊ သက်ကေပြင်၊ ဒါးပိုင်ကျေးရွာ၊ အုန်းတောချေ ကျေးရွာတွေကဖြစ်ကြပါတယ်။ သတင်း-ဓာတ်ပုံ-ဝဏ္ဏခွာညို
3 years Ago

တနင်္သာရီကျွန်းအနီးတွင် ဘင်္ဂါလီ ၃၈ ဦးပါ လှေတစီးကို ဖမ်းဆီးထိန်းသိမ်း

မြိတ်ကျွန်းစုရေပြင် တနင်္သာရီကျွန်းအနီးမှာ နိုဝင်ဘာလ ၂၉ ရက်နေ့က ကမ်းကပ်ဖို့ ဝင်လာတဲ့ ဘင်္ဂါလီလူမျိုး ၃၈ ဦးပါ လှေတစ်စီးကို တပ်မတော်ရေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ စစ်ရေယာဉ်တာဝန်ရှိသူက ပြောပါတယ်။ “ဒုက္ခသည်စခန်းဘက်က ထွက်လာတဲ့ ဘင်္ဂါလီ ၃၈ ဦးပါ။ သူတို့ကိုတင်ဆောင်လာတဲ့စက်လှေပေါ်မှာ သောက်ရေ နဲ့ ရိက္ခာပြတ်နေလို့ တနင်္သာရီကျွန်းကို ဝင်ကပ်ဖို့လုပ်နေတာ ဒေသခံရေလုပ်သားတွေ သတင်းပေးလို့ ကျနော်တို့ရေယာဉ်က သွားဖမ်းပြီး ထိန်းသိမ်းထားပါတယ်။" လို့ စစ်ရေယာဉ်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ အဖမ်းဆီးခံရတဲ့သူတွေထဲမှာ မြန်မာစကားပြောတတ်သူ ကျော်လှဆိုသူ ပါဝင်ပြီး သူ့ကို စစ်ဆေးမေးမြန်းရာမှာ စက်လှေပဲ့နင်း မာမွတ်နူး ဆိုသူက ဦးဆောင်ကာ စစ်တွေမြို့၊ ဘောဒူဖ ဒုက္ခသည်စခန်း၊ သဲချောင်းကျေးရွာ လှေဆိပ်ကနေ နိုဝင်ဘာ ၂၁ ရက်နေ့မှာ စတင်ထွက်ခွာလာတယ်လို့ သိရပါတယ်။ သူတို့ဟာ မလေးရှာနိင်ငံကို သွားရောက်ဖို့ ထွက်ခွာလာတာ ဖြစ်ပြီး စက်သုံးဆီ၊ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ ပြတ်လပ်သွားလို့ ကျွန်းရှိတဲ့နေရာကို ချဉ်းကပ်ရာမှာ အဖမ်းခံခဲ့ရတာလို့ ပြောပါတယ်။ အဖမ်းခံခဲ့ရတဲ့ အမျိုးသား ၁၉  ယောက်၊ အမျိုးသမီး ၁၁ ယောက်၊ ကလေး ၈ ယောက် စုစုပေါင်း ၃၈ ယောက်ကို နေရပ် ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
3 years Ago
More News
Up