ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ အနီးမှာရှိတဲ့ အထည်ချုပ်စက်ရုံ ဘွိုင်လာပေါက်ကွဲခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေက ဇူလိုင် ၄ ရက်နေ့မှာ ပြောကြားပါတယ်။
ဘင်္ဂလားဒေ့ရှ်ကုမ္ပဏီ မာလ်တီဖက်ဘ် (Multifabs) ကပိုင်တဲ့ အထည်ချုပ်စက်ရုံမှာ ဇူလိုင် ၃ ရက်နေ့က ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေစဉ်မှာ ဘွိုင်လာပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် အနီးမှာရှိတဲ့ သုံးထပ်အဆောက်အဦ စက်ရုံလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
မာလ်တီဖက်ဘ်ကုမ္ပဏီကို ၁၉၉၂ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်က အမေရိကန်ဒေါ်လာ သန်း ၇၀ ဖိုး တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး အထည်ချုပ်လုပ်ငန်းစာရင်းဝင်နိုင်ငံ တနိုင်ငံဖြစ်ပြီး အထည်ချုပ်စက်ရုံ မတော်တဆ ထိခိုက်မှုတွေလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။
6 years Ago