ဘင်္ဂလားဒေ့ရှ်တွင် သစ်ခေါက်လူသားကို စတင်ခွဲစိတ်ကုသပေးနေ (ရုပ်သံ)

March 13, 2016

ဘင်္ဂလားဒေ့ရှ်တွင် သစ်ခေါက်လူသားကို စတင်ခွဲစိတ်ကုသပေးနေ (ရုပ်သံ)

ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှာ အလွန်ရှားရှားပါးပါး သစ်ခေါက်ရောဂါလို့ အလွယ်ခေါ်ဆိုတဲ့ ရောဂါ ဖြစ်ပွားနေသူတဦးကို ဇန်န၀ါရီလကကစပြီး ဘင်္ဂလားဒေ့ခ်ျဆရာဝန်တွေက စတင်ခွဲစိတ်ကုသပေးနေပါတယ်။ အသက် ၂၆ နှစ်အရွယ် အဘူ ဘဂျန်ဒါ Abul Bajandar ဟာ သူ့ရဲ့ခြေတွေ၊ လက်တွေမှာ သစ်ခေါက်လို အသားမာတွေ ခြေသည်းလက်သည်းတွေလို ထွက်နေပြီး ပထမဆုံး သူ့ရဲ့ ညာဘက်လက်ကို စတင်ခွဲစိတ်ကုသခဲ့တာပါ။ အခုတကြိမ်ခွဲစိတ်ကုသတာ ပထမဆုံးကုသမှုဖြစ်ပြီး နောက်ထပ် ၁၀ ကြိမ်၊ ၁၂ ကြိမ်လောက် ခွဲစိတ်ရနိုင်တယ်။ အောင်အောင်မြင်မြင်လည်း ကုသနိုင်မယ်လို့ မျှော်လင့်တယ်လို့ ပလပ်စတပ်ခွဲစိတ်ကု ဆရာဝန်ကြီးဆမန်တာက ပြောဆိုပါတယ်။ တချိန်တည်းမှာ ဘဂျန်ဒါရဲ့ တစ်ရူးအသားစတွေနဲ့ သွေးနမူနာကို အမေရိကန်ပြည်ထောင်စုကို ပို့ထားပြီး ရောဂါစစ်တမ်းအဖြေစောင့်နေတယ်လို့လည်း ဆရာဝန်ကပြောဆိုပါတယ်။ သူ့ရဲ့လက်နှစ်ဖက်လုံးကို ကုသပေးနိုင်မယ်လို့ ရည်မှန်းထားပြီး အဲ့ဒီသစ်ခေါက်လို အသားစတွေ ထပ်မထွက်မလာအောင် ကုသတာလို့လည်း ပြောဆိုပါတယ်။ ပထမဆုံးအကြိမ်ခွဲစိတ်ကုသမှုမှာ ခွဲစိတ်ကု ဆရာဝန် ၉ ယောက်ပါ အဖွဲ့နဲ့ ၃ နာရီကြာ ခွဲစိတ်ကုသခဲ့တယ်လို့  ဒေသခံသတင်းတွေက ဆိုပါတယ်။ အဘူ ဘဂျန်ဒါလို အလားတူရောဂါခံစားနေရသူ ကမ္ဘာမှာ ၄ ဦးပဲ ရှိတယ်လို့လည်း ဆိုပါတယ်။
6 years Ago
Up