ဘင်္ဂလားဒေ့ခ်ျကုန်တိုက်မီးလောင်

A d v e r t i s e m e n t With Us

August 22, 2016

ဘင်္ဂလားဒေ့ခ်ျ ကုန်တိုက်တခု မီးလောင်၊ ဈေးဝယ်များကို အရေးပေါ် ကယ်ထုတ် (ရုပ်သံ)

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ဒါကာမြို့တော်မှာ သြဂုတ် ၂၁ ရက်က ဈေးဝယ်ကုန်တိုက်တခု မီးလောင်ကျွမ်းခဲ့လို့ ဈေးဝယ်တွေကို အရေးပေါ် ကယ်ထုတ်ခဲ့ကြပါတယ်။ အထပ် ၂၁ ထပ်ရှိ ဈေးဝယ်ကုန်တိုက်ကြီးဟာ ဒါကာမြို့တော်ရဲ့ ဒုတိယအကြီးဆုံး ဈေးဝယ်ကုန်တိုက်ဖြစ်ပြီး အထပ် ၅ ထပ်၊ ဒါမှမဟုတ် ၆ ထပ်က စပြီး လောင်ကျွမ်းတယ်လို့ သတင်းတွေက ဆိုပါတယ်။ ၀ါယာရှော့က မီးကူးစက်လောင်ကျွမ်းတာ ဖြစ်နိုင်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဘင်္ဂလားဒေ့ခ်ျ မီးသတ်ညွှန်ကြားရေးမှူးက ပြောပါတယ်။ လူထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။ ၂၀၀၉ ခုနှစ်ကလည်း အခုလို ဈေးဝယ်ကုန်တိုက်တခု မီးလောင်ကျွမ်းခဲ့လို့ လူ ၆ ဦး သေဆုံးခဲ့ပါတယ်။
5 years Ago
Up