ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

September 5, 2018

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေ

ဒီနေ့မြန်မာစံတော်ချိန် ၁၁:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မွန်းတည့်ကနေ နောက် ၂၄ နာရီအတွင်း ပင်လယ်ပြင်ခရီးအတွက် ခန့်မှန်းချက်အရ ရန်ကုန်ကနေ တနင်္သာရီ ကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။ ရေပြင်လေဟာ အနောက် (သို့) အနောက်တောင်ကို တစ်နာရီပင်လယ်မိုင် (၁၅- ၂၀)မိုင်၊ တစ်ခါတစ်ရံ (၃၅) မိုင်မှ မိုင်(၄၀) တိုက်ခတ်နိုင်ကာ လှိုင်းကြီးနိုင်ပြီး ၈ ပေမှ ၁၀ ပေလောက်အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။
3 years Ago

June 7, 2018

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး မုန်တိုင်းငယ်ဖြစ်နိုင်

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ပြီး အဲ့ဒီလေဖိအားနည်းရပ်ဝန်းဟာ ဇွန် ၁၁ ရက်လောက်မှာ မုန်တိုင်းငယ်တခုဖြစ်လာနိုင်တယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။ မိုးလေ၀သဌာနရဲ့ ဇွန် ၇ ရက် ဒီနေ့ ညနေ ၄ နာရီအချိန် ထုတ်ပြန်ချက်အရ လေဖိအား နည်းရပ်ဝန်းဟာ  မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ကမ်းခြေနဲ့ ဘင်္ဂလားဒေရှ့်ကမ်းခြေများဆီ ရွေ့လျားမယ်လို့  ခန့်မှန်းထားပါတယ်။ လေဖိအားနည်းရပ်ဝန်းနဲ့ ပတ်သက်တဲ့ ခန့်မှန်းချက်များဟာ အချိန်နဲ့အမျှ ပြောင်းလဲ နိုင်တယ်လို့လည်း မိုးလေ၀သသတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ မေလကုန်ပိုင်းတုန်းက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တခုဖြစ်ပေါ်ခဲ့ပြီး အဲ့ဒီမုန်တိုင်းငယ်နဲ့အတူ မြန်မာနိုင်ငံထံ မုတ်သုန်လေ၀င်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက် ဇွန်လ ၄ ရက်မှာ မုတ်သုန်လေဟာ မြန်မာနိုင်ငံတ၀န်းကို ၀င်ရောက်ခဲ့ပြီး ဒေသအနှံ့မိုးရွာနေသလို နေရာကွက်ပြီး မိုးကြီးမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
4 years Ago
More News
Up