အီရတ်နိုင်ငံ ဘဂ္ဂဒတ်တောင်ပိုင်းမှာ ရှိတဲ့ စစ်ဆေးရေးဂိတ်တခုမှာ မတ် ၆ ရက်နေ့က ကားဗုံး တလုံး ပေါက်ကွဲခဲ့လို့ လူ ၆၀ ထက်မနည်း သေဆုံးပြီး ၇၀ လောက် ဒဏ်ရာရသွားပါတယ်။
ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ထားတဲ့ ကုန်တင်ကား ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဆေးအဖွဲ့နဲ့ လုံခြုံရေးအရာရှိတွေက ပြောပြီး အိုင်အက်စ်အဖွဲ့က သူတို့ လက်ချက်လို့ ကြေညာပါတယ်။
အခင်း ဖြစ်တဲ့ ဟေလာမြို့ဟာ ဘေဘီလုံ ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ရှီးယားမွတ်စလင်တွေ အများစု နေထိုင်တဲ့ဒေသ ဖြစ်ပါတယ်။
ဘေဘီလုံပြည်နယ်ထဲမှာ အခုလောက် အသေအပျောက်များတဲ့ တိုက်ခိုက်မှုမျိုး အရင်က မရှိခဲ့ဘူးလို့ ပြည်နယ်လုံခြုံရေးအရာရှိ ဖာလာ အယ် ရာဒီက ပြောပါတယ်၊
ဖောက်ခွဲမှုကြောင့် စစ်ဆေးရေးဂိတ်သာမက၊ အနားက ရဲစခန်း၊ လူနေအိမ်တွေ၊ ဒါဇင်နဲ့ ချီတဲ့ကားတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
5 years Ago