ဘဂ္ဂဒက်မြို့တော်

A d v e r t i s e m e n t With Us

January 9, 2020

ဘဂ္ဂဒက်တွင် ဇန်နဝါရီ ၈ ရက်ညပိုင်းက ဒုံးကျည် ၃ လုံးကျရောက်ပေါက်ကွဲ  

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်က လုံခြုံရေးတင်းကြပ်တဲ့ အစိုးရ အဆောက်အအုံတွေ၊ နိုင်ငံခြားသံရုံးတွေရှိရာ ဒေသထဲကို ဒုံးကျည် ၃ လုံး ကျရောက်ပေါက်ကွဲပြီး မီးလောင်ခဲ့တယ်လို့ အီရတ် ရဲသတင်းရင်းမြစ်က ပြောပါတယ်။ အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်မှာ ဇန်နဝါရီ ၈ ရက်ညက ပေါက်ကွဲမှု ၂ ရပ်ရဲ့ ကျယ်လောင်တဲ့ အသံနဲ့ဥသြသံတွေကို ကြားခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေက ပြောပါတယ်။ ဥသြသံတွေ ပဲ့တင်ထပ်နေပြီး ဒုံးကျည်တစီးထက် မနည်းဟာ အမေရိကန်သံရုံးနဲ့ မီတာ တရာအကွာမှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ အီရန်ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီ အသတ်ခံရတဲ့ ညတွင်းချင်းမှာပဲ အီရန်ဟာ အီရတ်နိုင်ငံထဲမှာရှိတဲ့ အမေရိကန်တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။ ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒေါသတကြီး ရန်လိုတဲ့ နေ့တွေ ဗုဒ္ဓဟူးနေ့မှာ ရပ်လိုက်ပြီလို့ မီဒီယာတွေက ရေးပါတယ်။  အိမ်ဖြူတော်ကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ထရမ့်က သူရှိနေသရွေ့ အီရန်နိုင်ငံအား နျူကလီးယားလက်နက် သုံးခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ “အီရန်က အမေရိကန် စစ်စခန်း ၂ ခုကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပေမယ့် အမေရိကန် တယောက်မှ ထိခိုက် သေဆုံးတာ မရှိတဲ့အတွက် တမင်သက်သက် ရှောင်ပစ်ခဲ့ပုံပေါ်တယ်။ အီရန်ဟာ စိတ်လျှော့ပြီး နောက်ဆုတ်သွားခဲ့ပုံပေါ်တယ် ဒါဟာ စိုးရိမ်နေသမျှ လူအားလုံးအတွက် ကမ္ဘာကြီးအတွက် ကောင်းပါတယ်။ အမေရိကန်ပြည်သူတွေအားလုံး အင်မတန် ပျော်သင့်တယ်၊ကျေးဇူးတင်သင့်တယ်။ အီရန်ပစ်တဲ့ ဒုံးကျည်က အမေရိကန် စစ်စခန်းပေါ် ကျခဲ့ပေမယ့် အထိအခိုက် နည်းနည်းပဲ ရှိခဲ့တယ်” လို့ ပြောပါတယ်။  ဒါကြောင့် အမေရိကန်ဟာ အီရန်အပေါ် စစ်ရေးအရ အရေးယူစရာမလိုဘဲ စီးပွားရေး ဒဏ်ခတ်မှု ဆက်လုပ်မယ်၊ အီရန်က သူ့အပြုအမူတွေကို မပြောင်းလဲမချင်း အားကောင်းတဲ့ စီးပွားရေး ဒဏ်ခတ်မှုကို ဆက်ထားသွားမယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။   
1 year Ago
Up