ဘဂ္ဂဒက်

January 21, 2021

ဘဂ္ဂဒက် အသေခံဗုံးခွဲမှု ၇ ဦး သေဆုံး

အီရတ်မြို့တော်ဘဂ္ဂဒက်မှာ  ဇန်နဝါရီ ၂၁ ရက်က အသေခံဗုံးခွဲမှုကြောင့်  ၇ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  ၂၀၁၇ ခုနှစ်တုန်းက အိုင်အက်စ်စစ်သွေးကြွတွေကို  အနိုင်ရပြီးနောက်ပိုင်း အခုလို မြို့တော်မှာ အသေအပျောက်များတဲ့ ဗုံးခွဲမှုမျိုးက ရှားရှားပါးပါး ဖြစ်ရပ်ပါ။  ဗုံးခွဲမှုဟာ ဘဂ္ဂဒက် တာယာရန်ရင်ပြင်က လူစည်ကားတဲ့ ဈေးမှာ ဖြစ်သွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ တချို့က အခြေအနေစိုးရိမ်ရတာမို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့လည်း ရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။  ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတာ ချက်ချင်း မပြောဆိုဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။  
10 months Ago

October 18, 2020

ဘဂ္ဂဒက်ရှိ ကာဒစ်ရှ်ပါတီရုံးခန်းကို ရှီယိုက်ပြည်သူ့စစ်ထောက်ခံသူများ မီးရှို့

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်က ကာဒစ်ရှ်ဒီမိုကရက်တစ်ပါတီ KDP ရဲ့ ရုံးခန်းတွေကို ရှီးယိုက် ပြည်သူ့စစ်အုပ်စု ဟက်ရှ်ဒယ်ရှာဘီကို ထောက်ခံသူတွေက အောက်တိုဘာ ၁၇ မှာ မီးတင်ရှို့ခဲ့ပါတယ်။  KDP ပါတီရဲ့ အကြီးတန်းအရာရှိ ဟိုရှာဇာဘာရီက ဘဂ္ဂဒက်မြို့ရဲ့ အစိမ်းရောင်ဇုန်ဖြစ်တဲ့ ပြည်သူ့စစ်တွေနဲ့ လူကြိုက်များတဲ့ တပ်တွေကို ရှင်းပစ်ဖို့က မဖြစ်မနေ လုပ်ရမယ့်အလုပ်လို့ ရည်ညွှန်းပြောခဲ့အပြီး ဆန္ဒပြသူတွေ ယမ်းပုံမီးကျ ဒေါသထွက်ခဲ့တယ်လို့ ဒေသမီဒီယာတွေမှာ ဖော်ပြထားပါတယ်။  ဆန္ဒပြသူတွေဟာ ဘဂ္ဂဒက်မြို့တော်တလွှား ကြွေးကြော်ရင်း အလံတွေကို ဝှေ့ယမ်းရင်း ချီတက်ခဲ့ပါတယ်။  အဲဒီနောက် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေတဲ့ KDP ပါတီရုံး အပြင်ဘက်မှာ စုရုံးခဲ့ကြပါတယ်။  ရှီးယိုက်ပြည်သူ့စစ် ဟက်ရှ်ဒယ်ရှာဘီဟာ အီရတ်စစ်တပ်ထဲက ရှီးယိုက်ပြည်သူ့ စစ်အုပ်စုလည်း ဖြစ်ပြီး အီရန်ရဲ့ ကျောထောက်နောက်ခံမှုကို ရထားပါတယ်။
1 year Ago
More News
Up