ဘက်ပြောင်းလာသူ

A d v e r t i s e m e n t With Us

June 12, 2020

ဘက်ပြောင်းလာသူများ မြောက်ကိုရီးယားသို့ စာစောင်များပေးပို့မှု ရပ်တံ့ရန် တောင်ကိုရီးယား တိုက်တွန်း

မြောက်ကိုရီးယားက ဘက်ပြောင်းလာသူတွေအနေနဲ့ မြောက်ကိုရီးယား နိုင်ငံထဲကို လက်ကမ်းစာစောင်တွေနဲ့ ကုန်စည်တွေ ပေးပို့တာ ရပ်တံ့ဖို့ တောင်ကိုရီးယား ထိပ်တန်းလုံခြုံရေး အရာရှိတဦးက ဇွန်လ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ တောင်ကိုရီးယား သမ္မတ အိမ်ပြာတော်မှာ ကျင်းပတဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး ခုလို ပြောလိုက်တာပါ။ ဒါပေမယ့်  တရားရေး လုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ဘက်ပြောင်းလာတဲ့ အုပ်စု ၂ စုက သူတို့ ဆက်လုပ်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ စစ်ရေးပဋိပက္ခ ဖြစ်စေနိုင်တဲ့ အခြေအနေကို ဟန့်တားဖို့ မြောက်ကိုရီးယားနိုင်ငံဆီ လက်ကမ်းစာစောင်တွေနဲ့ ကုန်စည်တွ ပို့တာလို လုပ်ရပ်တွေကို အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်မှု စတော့မယ်လို့လည်း NSC ရဲ့ ဒုညွှန်မှူး ကင်ယူဂွမ်က ပြောပါတယ်။  မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ကောင်းဖို့ ကြိုးစားနေတဲ့ တောင်ကိုရီးယားအစိုးရဟာ ကန်ဆိမ် ပညာရေးဌာနနဲ့ လွတ်လပ်တဲ့ မြောက်ကိုရီးယားအတွက် တိုက်ခိုက်ရေးသမားများဆိုတဲ့ အုပ်စု ၂ စုကို ကိုရီးယား နှစ်နိုင်ငံကြား ဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အက်ဥပဒေကို ချိုးဖောက်မှုနဲ့ ဇွန်လ ၁၀ ရက်က စွပ်စွဲခဲ့ပါတယ်။  ဒီအုပ်စု ၂ စုဟာ လက်ကမ်းစာစောင်တွေ၊ ဆန်နဲ့ ဆေးဝါးလို ကုန်စည်တွေကို မြောက်ကိုရီး ယားဆီ ပေးပို့ခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးဖို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဆိုးလ်မြို့တော် ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့ပါတယ်။
9 months Ago
Up