ဘက်တစ်အသင်း

July 10, 2020

ရီးရဲလ်နှင့်မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီကို ဘက်တစ်အသင်းနည်းပြချုပ်အဖြစ် ခန့်အပ်

စပိန်ကလပ် ရီးရဲလ်ဘက်တစ်အသင်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။  အသက် ၆၆ နှစ်ရှိ ချီလီနည်းပြ ပယ်လီဂရီနီဟာ စပိန်ကလပ်တွေဖြစ်တဲ့ ဗီလာရီးရဲလ်နဲ့ မာလာဂါအသင်းတွေမှာလည်း အောင်မြင်မှုရရှိခဲ့ဖူးပါတယ်။  ဘက်တစ်အသင်းဟာ ပယ်လီဂရီနီကို ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး လာမယ့်ဘောလုံးရာသီ ရောက်မှ စတင်တာဝန်ယူမှာဖြစ်ပါတယ်။  ဘက်တစ်အသင်းဟာ နည်းပြ ယူဘီကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် လက်ထောက်နည်းပြ ထယူဂျယ်လိုက ယာယီနည်းပြအဖြစ် တာဝန်ယူနေတာပါ။  ယာယီနည်းပြ လက်ထက်မှာ ဘက်တစ်အသင်းက ရလဒ်ပြန်ကောင်းလာခဲ့ပြီး  အဆင့် ၁၃ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။  ပယ်လီဂရီနီဟာ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းကို နောက်ဆုံး ကိုင်တွယ်ခဲ့ပြီး  ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
10 months Ago
Up